ဖေဖော်ဝါရီ - ၇
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်ရှိ စကစ သတင်းပေးဒလန်အဖြစ် နာမည်ထွက်သူ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း တစ်ဦး ယနေ့ မနက်ပိုင်းတွင် ဦးခေါင်းကို သေနတ်ဖြင့် အပစ်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ယနေ့ ဖေဖေါ်ဝါရီ(၇)ရက် မနက်(၁၁)နာရီခွဲဝန်းကျင်က အဆိုပါ မဟာအောင်မြေမြို့နယ်၊ သံလျက်မော် နောက်ရပ်ကွက်၊ တောင်ငံပြာရည်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ အမျိုးသားတစ်ဦး ကမ်းနားလမ်း (၄၁)လမ်း ကုန်စိမ်းညဈေးအနီးတွင် သေနတ်ဖြင့် သုံးချက် အပစ်ခံရခြင်းဟု ဆိုသည်။
" ခေါင်းကို ပစ်ခံရတာ၊ ရှပ်မှန်သွားတာလို့ ကြားတယ်၊ သေ၊မသေ မသိရသေးဘူး။ လူနာတင်ကားနဲ့ တင်သွားပြီ " ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်အုပ်စု ရောက်ရှိလာပြီး ရပ်ကွက်အတွင်းနှင့် လမ်းသွားလမ်းလာများကို အော်ဟစ်ဆဲဆို ရန်ပြုကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၌ ရပ်ကွက် (၁၈) ခု ရှိပြီး လွန်ခဲ့သည့် လများအတွင်း အဆိုပါ ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စကစ သတင်းပေးဒလန်တစ်ဦး အသတ်ခံခဲ့ရသေးသည်။
စစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်သူများနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ဥပဒေမဲ့ ဖမ်းဆီ၊ သတ်ဖြတ်၊ ဖိနှိပ်နေသလို စကစနှင့် ဆက်စပ်သူများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
No comments:
Post a Comment