ငဖဲမြို့နယ်အတွင်းက စစ်ကောင်စီကင်းစခန်းတခု တိုက် ခိုက်ခံရ၊သေနတ် ၈ လက်နှင့်ကျည်ဆံများပါသွား၍ အပူ တပြင်းရှာဖွေနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်း ဆီးစစ်ဆေးနေ

ဓာတ်ပုံ - ပုံဟောင်း

ဖေဖော်ဝါရီ ၂၁ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းတပ်နယ်အတွင်းက စစ်ကောင်စီတပ်ပူးပေါင်းကင်းစခန်းတခု ဖေဖော်ဝါရီလ တ တိယအပတ်အတွင်းက စီးနင်းတိုက်ခိုက်ခံခဲ့ရကြောင်း အဆိုပါပဒါန်းတပ်နယ်နှင့်နီးစပ်သူ များထံက သိရသည်။

အဆိုပါ ကင်းစခန်းတွင် ပဒါန်းတပ်နယ်အောက်ရှိ ငဖဲမြို့အခြေစိုက် အမှတ်(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပ စ-၁၄)၊ ပဒါန်းအခြေစိုက် အမှတ် (၉၀၅) အမြောက်စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ- ၉၀၅) တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါ စစ်ကောင်စီတပ်သား ၈ ဦး လုံခြုံရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကင်းစခန်းစီးနင်းပစ်ခတ်ခံရစဥ် စစ်ကောင်စီတပ် သားများက ပြန်မပစ်ဘဲထွက်ပြေးသွားသဖြင့်လာရောက် တိုက်ခိုက်သည့် PDFများက သေနတ် ၈ လက် နှင့် ကျည်ဆံ ၈၀၀ ကျော် သိမ်းဆည်းရမိသွားခဲ့ကြောင်းသိရသည်။

'' ဖြစ်တာ ၄၊ ၅ ရက်လောက်ရှိပြီ။ ဒီပဒါန်းနယ်ထဲက ကင်း စခန်းကို PDF တွေကလာပစ်တာ။ လာပစ်တာကို သူတို့တွေအရက်မူးနေကြတယ်လို့ ပြန်မပစ်နိုင်တာနဲ့ အဲ့ဒီစခန်းက စစ်သားတွေက သေနတ်တွေထားပြီးထွက်ပြေးတယ်လို့သိရတယ်။ထွက်ပြေးတော့သူတို့ကတော့ ဘာမှမဖြစ်ဘူး။ သေနတ်တွေနဲ့ကျည်ဆံတွေပါသွားတယ်။ ကျနော်သိတာက ဒီ ငဖဲ ကပစ (၁၄)က စစ်သား ၂ယောက်၊ ပဒါန်းအမြောက်တပ်က ၂ယောက်၊ တခြားခြေလျင်တပ်က ၄ ယောက် အား လုံး ၈ ယောက် '' ဟု အဆိုပါ ပဒါန်းတပ် နယ်နှင့် နီးစပ်သူခိုင်လုံသည့်သတင်းရင်းမြစ်က ဧရာ ဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၈ ဦးကို စစ်ကောင်စီက ပဒါန်းတပ်နယ်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး PDF များကို သေနတ်ဖြင့်တချက်မှပြန်မပစ်ဘဲထွက်ပြေးသည့်အပေါ် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

'' ခု အဲ့ဒီ ၈ ယောက်လုံးအချုပ်ထဲမှာ။ တာဝန်ချိန်မူးတဲ့အ မှုနဲ့ သေနတ်ကျည်တချက်မှမထွက်ဘဲ လက်နက်ခဲယမ်းတွေပါသွားတာရယ်ကြောင့်  စစ်ဆေးတာတွေလုပ်နေတယ်။ သူတို့ကင်းစခန်းနေရာကို တခြားတပ်ရင်းတခုက စစ်သားတွေကို အစားထိုးထားတယ်'' ဟုအဆိုပါ သတင်း ရင်းမြစ်ကဆိုသည်။

အဆိုပါစစ်ကောင်စီကင်းစခန်း တိုက်ခိုက်မှုအပေါ် မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကိုမသိရသေးဘဲ ​ဒေသတွင်း PDF တပ်ဖွဲ့များကတစုံတရာထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ခြင်းမရှိသေး ပါ။

ယင်းကဲ့သို့ သေနတ်နှင့်ကျည်ဆံအများအပြား ပါသွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငဖဲမြို့နယ် အတွင်းက ကျေးရွာများနှင့်ရေနံမှော်များကို ယနေ့ အထိ အင်အားအ လုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေမှုများ နေ့စဥ်ပြုလုပ်နေကြောင်းဒေသခံများထံကသိရသည်။

လက်ရှိတွင် ငဖဲမြို့နယ်အတွင်း ပဒါန်းလမ်းဆုံအပါအဝင် ပုသိမ်-မုံရွာ ကားလမ်းတလျှောက် စစ်ဆေးမှုများတင်းကြပ်နေပြီး အဖမ်းအဆီးလည်းများပြားနေကြောင်း ဒေသခံများကပြောဆိုကြသည်။


Ayeyarwaddy Times 

ငဖဲမြို့နယ်အတွင်းက စစ်ကောင်စီကင်းစခန်းတခု တိုက် ခိုက်ခံရ၊သေနတ် ၈ လက်နှင့်ကျည်ဆံများပါသွား၍ အပူ တပြင်းရှာဖွေနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်း ဆီးစစ်ဆေးနေ ငဖဲမြို့နယ်အတွင်းက စစ်ကောင်စီကင်းစခန်းတခု တိုက် ခိုက်ခံရ၊သေနတ် ၈ လက်နှင့်ကျည်ဆံများပါသွား၍ အပူ တပြင်းရှာဖွေနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်း ဆီးစစ်ဆေးနေ Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.