မြင်းမူမှ ကျေးရွာတာဝန်ခံတစ်ဦး အသတ်ခံရ


ဖေဖော်ဝါရီ - ၁၈ 

ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုအကြား နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှ ဒလန်ဟု နာမည်ကြီးသည့် ကျေးရွာတာဝန်ခံတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ 

မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာမှာ ကျေးရွာတာဝန်ခံ နံပြားသည် ယခင်ကလည်း ရဲသတင်းပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ စကစလက်အောက်တွင် ပျော်ပျော်ကြီး လုပ်နေသူဖြစ်သောကြောင့် ရှင်းလင်းလိုက်သည်ဟု မြင်းမူအနက်ရောင်သိမ်းငှက်တပ်ဖွဲ့က ထုတ်ပြန်သည်။ 

မြင်းမူမြို့နယ်အတွင်းရှိ ပျူစောထီးနှင့် စကစလက်အောက်ခံ ထောက်တိုင်များကိုလည်း မကြာခင်အလှည့်ရောက်လာမည်ဟု ယင်းအဖွဲ့က သတိပေးထားသည်။ 


Mandalay Free Press - MFP

မြင်းမူမှ ကျေးရွာတာဝန်ခံတစ်ဦး အသတ်ခံရ မြင်းမူမှ ကျေးရွာတာဝန်ခံတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 21:12 Rating: 5

No comments:

Powered by Blogger.