လက်ဖက်ရည်ထိုင်သောက်နေစဉ်အတွင်း စစ်ကောင်စီသတင်းပေးပျူစောထီးခေါင်းဆောင်နိုင်ကြီးဆိုသူ သေနတ်ဖြင့်နဖူးတေ့ပစ်သတ်ခံရ

ဓာတ်ပုံ-CJ

ဖေဖော်ဝါရီ၉၊ မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဗိုလ်တေဇလမ်း လမ်းသွယ်၁၃(ဂေါ်သဇင်လမ်း)တွင် ယမန်နေ့ဖေဖော်ဝါရီ၈ရက်နေ့ နံနက်၉နာရီဝန်းကျင်ခန့်က လက်ဖက်ရည်ထိုင်သောက်နေသည့် စစ်ကောင်စီသတင်းပေးပျူစောထီးခေါင်းဆောင် နိုင်ကြီးဆိုသူကို ပြောက်ကျားတပ်ဖွဲ့များမှ သေနတ်ဖြင့်နဖူးတေ့ပစ်သတ်ခဲ့တယ်လို့သိရသည်။ 

နိုင်ကြီးဆိုသူသည် စစ်ကောင်စီသတင်းပေးသည့်အပြင် ညဘက်တွေမှာလည်း စစ်ကောင်စီတပ်သားများကို ကင်းလှည့်ပေးရန် ကားမောင်းနှင်ပေးကြောင်း ၊မုံရွာမြို့ပြောက်ကျားတပ်ဖွဲ့များကို စုံစမ်း၍ စစ်ကောင်စီတပ်သားများဖမ်းဆီးနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့၃ဖွဲ့က သတင်းထုတ်ပြန်သည်။ 

သေနတ်ဖြင့်ပစ်သ တ်ခံရသူနိုင်ကြီးသည် လက်ဖက်ရည်ထိုင်သောက်နေစဉ် Monywa NightKing၊ACF Monywaနှင့် Monywa Ninjaတို့ပူးပေါင်းအဖွဲ့မှ ကိုအုံးမောင်သည် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာမှာတွင်ပွဲချင်းပြီးသေဆုံးသွားချင်းဖြစ်သည်။

သေဆုံးသူနိုင်ကြီးနှင့်လိုက်ပါလာသည့်အဖော်တစ်ယောက်သည် ၎င်း၏နေအိမ်ရှိ နိုင်ကြီး၏ အမျိုးသမီးကို သေဆုံးသွားသည့်အကြောင်းပြောပြရာ အဘရေ အဘရေ အဘရဲ့လူယုံတစ်ယောက်တော့ သွားရှာပြီဟု နိုင်ကြီး၏အမျိုးသမီးမှ အော်ဟစ်ပြောနေကြောင်း ဒေသခံများကပြောသည်။ 

သေနတ်ဖြင့်တေ့ပစ်သတ်ခံရသည့် နိုင်ကြီး၏ အလောင်းကို စစ်ကောင်စီတပ်သားများမှယူဆောင်သွားပြီး ယင်းအခင်းဖြစ်ပွားရာနေရာကို စစ်ဆေးသွားကြောင်းလည်း သိရှိရပါသည်။

အဆိုပါပြောက်ကျားတပ်ဖွဲ့၏ထုတ်ပြန်ချက်ထဲတွင် "မရှင်းခဲ့လိုက်ရသည့်လက်ဖက်ရည်ဖိုးနှင့်ထပ်တရားဖိုးကို နောက်ရောက်တော့မှပဲ ရှင်းပေးပါတော့မယ် ဆိုင်ရှင်ခဗျား"ဟု ရေးသားဖော်ပြထားပါသည်၊၊



Chindwin Yoma Media

လက်ဖက်ရည်ထိုင်သောက်နေစဉ်အတွင်း စစ်ကောင်စီသတင်းပေးပျူစောထီးခေါင်းဆောင်နိုင်ကြီးဆိုသူ သေနတ်ဖြင့်နဖူးတေ့ပစ်သတ်ခံရ လက်ဖက်ရည်ထိုင်သောက်နေစဉ်အတွင်း စစ်ကောင်စီသတင်းပေးပျူစောထီးခေါင်းဆောင်နိုင်ကြီးဆိုသူ သေနတ်ဖြင့်နဖူးတေ့ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.