မန္တလေးမြို့ ပြည်ကြီးတံခွန် (စ)ရပ်ကွက်ရုံးကို သတိပေး ဗုံးဖောက်ခွဲ၊


ဖေဖေါ်ဝါရီ - ၁၈

စစ်ကောင်စီ အလိုကျ ဧည့်စာရင်းစစ်နေသော မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ယနေ့ ညနေပိုင်းတွင် လက်လုပ်မိုင်းဖြင့် သတိပေး ဖောက်ခွဲခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Guerilla Force of Mandalay - GFM က သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖေါ်ဝါရီ(၁၈)ရက် ညနေ(၄)နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ် (၅၈)လမ်းနှင့် (၁၂၃)လမ်းထောင့်ရှိ (စ)ရပ်ကွက်ရုံးကို Guerilla Force of Mandalay နှင့် Black Wolf PDF တို့ ပူးပေါင်းကာ လက်လုပ်ဗုံးဖြင့် သတိပေးဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“နောက်ထပ် မတရားမှုများ ဆက်လက် ပြုလုပ်နေပါက သေခြင်းတရားက ခဗျားတို့ရဲ့ တံခါးကို လာခေါင်လိမ့်မည်” ဟု GFM က ဖော်ပြသည်။

ယနေ့ ညနေပိုင်းတွင် အဆိုပါ (စ)ရပ်ကွက်ရုံး၌ ပေါက်ကွဲမှုဖြစ်သည်ဟု ကြားရသော်လည်း အခြေအနေ မသိရသေးဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP သို့ ပြောသည်။

“ကျွန်တော်တို့သည် မတရားမှူများကို ကောင်းကောင်း ဆုံးမပေးသွားပါမည်။ စကစ ထောက်တိုင်များကိုလည်း အဆုံးထိ တွန်းလှန်သွားမည်ဖြစ်ပါသည်။ စကစများကို ဆက်ကြေးပေးနေသော လုပ်ငန်းမှန်သမျှ သတိပေးလိုက်ပါသည်။ တစ်နေ့ခင်ဗျားတို့ အလှည့်ဆိုတာ မမေ့ပါနဲ့” ဟု GFM က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်နေသော်လည်း မန္တလေးမြို့ရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများလည်း ပစ်မှတ်ထားတိုက်ခိုက်ခံနေရဆဲ ဖြစ်သည်။


Mandalay Free Press - MFP

မန္တလေးမြို့ ပြည်ကြီးတံခွန် (စ)ရပ်ကွက်ရုံးကို သတိပေး ဗုံးဖောက်ခွဲ၊ မန္တလေးမြို့ ပြည်ကြီးတံခွန် (စ)ရပ်ကွက်ရုံးကို သတိပေး ဗုံးဖောက်ခွဲ၊ Reviewed by THITHTOOLWIN on 02:18 Rating: 5

No comments:

Powered by Blogger.