ဖေဖော်ဝါရီ ၂
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာအနောက်ဖက်ရှိ မူးမြစ်တံတားထိပ်တွင် ဇန်နဝါရီလ ၃၀ ရက် ညနေ ၅ နာရီခွဲခန့်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း PAFD က ယနေ့သတင်းထုတ်ပြန်ပါတယ်။
"မိုင်းဆင်ထားတာကို ရဲတွေ လာရှာတယ်၊ ဆိုင်ကယ် ၂ စီးနဲ့၊ PAFD နဲ့ SUGF တို့က ပူးပေါင်းပြီး မိုင်းဆွဲတာ ရဲ ၁ ဦးသေတယ်၊ ၁ ဦး ဒဏ်ရာရတယ်။ ရဲသေတဲ့သတင်းက ဒီနေ့မှ အတည်ပြုလို့ ရတာပါ"ဟု အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ PAFD တာဝန်ရှိသူမှ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် PAFD နှင့် SUGF အဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့ ညကညောင်ပင်ဝန်းရဲစခန်း တပ်ဖွဲ့ဝင်မိသားစုတွေ ရဲစခန်းဝင်းထဲမှာ နေထိုင်ရဲခြင်းမရှိတော့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတဦးကပြောပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment