မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်(၃)နာရီ(၁၀)မိနစ်အချိန်တွင် လက်နက်ကြီးဖြင့် (၅)လုံးခန့်ပစ်ခတ်ခဲ့သည်။
ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ပြည်သူ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့သည့်အပြင် ခရစ်ယာန်ဘုရားကျောင်း(၁)လုံး၊ စပါးကျီ(၁)လုံး၊ နေအိမ်(၁)လုံးနှင့် အိမ်သာ(၁)လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူလူထုနှင့် ဒေသခံပြည်သူအများအပြားထိပ်လန့်ကြောက်ရွံ့ကာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် စစ်ဘေးရှောင်နေသော နေရာကို လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ (၃)ကြိမ်မြောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒီမော့ဆို PDF က ထုတ်ပြန်သည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment