ရေစကြို၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။
ရေစကြိုမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက် မနေ့က စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ဆီက သိရပါတယ်။
အင်းအား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဆင်တဲရွာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တာကြောင့် တိုက်ပွဲသဘောမျိုးဖြစ်ခဲ့တယ်လို့ CDSOM ရဲ့ တာဝန်ခံ ကိုနွေဦးကပြောပါတယ်။
“စစ်ကောင်စီဘက်ကကျတာကတော့ မျက်စိနဲ့မြင်တာကတော့ ကျနော်တို့ဘက်ကလက်နက်ကြီး ၄၀ မမ နဲ့ပစ်လိုက်တာမှာ ၃ ယောက်ကတော့ ပတ်လက်လန်ကျသွားတာ၊ အပြန်အလှန်ပစ်ကြရင်းနဲ့ စစ်ကောင်စီဘက်က ၇ ယောက်ကျော်ကျော်လောက် ကျတယ်ဗျ၊တိုက်ပွဲဖြစ်တာမှာ ကိုယ်ကသူတို့ကိုမြင်ပြီး သူတို့ကကြတော့ ကိုယ့်ကိုမမြင်ပဲပစ်လိုက်ရတဲ့ဟာမျိုးတွေရှိတဲ့အတွက်ကြောင့်သူတို့ဘက်က အကျများသွားတာပေါ့၊” လို့ သူကပြောပါတယ်။
ဒီတိုက်ပွဲမှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ ပြည်သူ့တပ်မတော် (မြောင်)-MUA ၊ PDF-Taloke၊ MGN Rainger၊ နှလုံးလှလူမိုက်ကြီးအဖွဲ့၊ Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့၊ MG -6၊MGN-35၊ ဖီးနစ်အဖွဲ့၊ ဒေါင်းစစ်သည်ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့ စတဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း ကိုနွေဦးက ပြောပါတယ်။
နေ့လည် ၁ နာရီခွဲကနေ ညနေ ၆ နာရီအထိ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး၊ အဲ့ဒီမတိုင်ခင်ကလည်း ဆင်တဲရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေဟာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၄ လုံးမီးလောင် ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment