အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ပဒေသာမိုင်း ၁၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်


ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

ကျောက်ထုဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ် အင်အား (၃၀၀) ကျော်နှင့် စစ်ကား (၁၆) စီးအား YDF(Saw&Kyaukhtu) က ယနေ့တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က ဖော်ပြထားသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ခုဖြစ်သည့် YDF( Saw&Kyaukhtu)အဖွဲ့ဝင်များသည် အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းအား ၄ ရက်တိတိအချိန်ပေး ကင်းစောင့်ပြီး ယနေ့ နံနက်၁၁ နာရီအချိန်ခန့်တွင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း (၁၅)လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများအချိန် အနည်းငယ်အကြာ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ထိခိုက်မှုအခြေအနေကိုမသိရှိရသေးဘဲ ကာကွယ်ရေးရဲဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ Mi35 ရဟတ်ယာဥ်တစ်စင်းဖြင့် လုံခြုံရေးယူပေး​နေခဲ့သည်ဟု YDF(Saw&Kyaukhtu)ကဖော်ပြထားသည်။


သံလွင်ခက် - Than Lwin Khet News

အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ပဒေသာမိုင်း ၁၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ပဒေသာမိုင်း ၁၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.