ကရင်နီတပ်မတော်နှင့်နယ်စပ်တွင်တိုက်ပွဲဖြစ်၍စစ်ကောင်စီတပ်မှ ဗိုလ်ကြီး​အောင်မင်းဦးအပါအဝင်အနည်းဆုံး ၇ဦးသေ


ကရင်နီတပ်မတော်(KA)နှင့် စစ်ကောင်စီတပ်တို့ မြန်မာ-ထိုင်းနယ်စပ် တစ်နေရာ၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ဦးအပါအဝင် ၇ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့သည်ဟု Karenni Army Center က ဖော်ပြသည်။

မြန်မာ- ထိုင်းနယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၃ရက်ကနာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီတပ်မှသေဆုံးခဲ့သည့် အရာရှိမှာဗိုလ်ကြီး အောင်မင်းဦးဆိုသူ ဖြစ်ကြောင်းဖော်ပြထားသည်။ တိုက်ပွဲတွင် ကရင်နီတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကရင်နီတပ်မတော် အနေဖြင့် ဇန်နဝါရီလဆန်းကလည်း နယ်စပ်တစ်နေရာရှိစစ်ကောင်စီတပ်စခန်းကိုစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်မှ ၃၂ ဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ၁၀ဦး လက်နက်ချအဖမ်းခံခဲ့သည်။စစ်ကောင်စီတပ်ကအဆိုပါ တပ်စခန်းကိုလေကြောင်းမှတုံ့ပြန်တိုက်ခိုက်ခဲ့၍ ကရင်နီတပ်မတော်မှ ၂ ဦးအပါအဝင်ဖမ်ဆီးခံထားရသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသေဆုံးမှုရှိခဲ့သည်။



People's Spring 

ကရင်နီတပ်မတော်နှင့်နယ်စပ်တွင်တိုက်ပွဲဖြစ်၍စစ်ကောင်စီတပ်မှ ဗိုလ်ကြီး​အောင်မင်းဦးအပါအဝင်အနည်းဆုံး ၇ဦးသေ ကရင်နီတပ်မတော်နှင့်နယ်စပ်တွင်တိုက်ပွဲဖြစ်၍စစ်ကောင်စီတပ်မှ ဗိုလ်ကြီး​အောင်မင်းဦးအပါအဝင်အနည်းဆုံး ၇ဦးသေ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.