ကြက်တိုက်နေသည့် ရဲတပ်ကြပ်ကြီး ရဲအေးသွင် ကို သေနတ်ဖြင့် ပစ်သတ်


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် လောင်းကစားပြုလုပ်နေသည့် ရဲတပ်ကြပ်ကြီး ရဲအေးသွင်ကို ဇန်နဝါရီလ(၃၀)ရက်နေ့က ပစ်သတ်လိုက်ကြောင်း Myinmu Lightning Guerrilla Force-MLGF က ယနေ့ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

မြင်းမူရဲစခန်းအား ဆက်ကြေးပေး၍ လောင်းကစားဝိုင်း ပြုလုပ်နေသည်ကို သတင်းရရှိထားပြီးနောက် ယင်းနေရာသို့ ရောက်ရှိနေသော  ရဲတပ်ကြပ်ကြီး ရဲအေးသွင်၏ ဦးခေါင်းအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့သည် စစ်ကောင်စီအားထောက်ကူပြုနေသော မည်သူကိုမဆို သန့်ရှင်းရေးအနေဖြင့် ရှင်းလင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းဖြစ်စဥ်တွင် ကစားဝိုင်း၏ ဒိုင်ဟု ယူဆထားရသောပုဂ္ဂိုလ်၏ ဆိုင်ကယ်အား သိမ်းဆည်းခြင်းဖြင့် ပညာပေးခဲ့သည်ဟု ထုတ်ပြန်သည်။


Tachileik News Agency 

ကြက်တိုက်နေသည့် ရဲတပ်ကြပ်ကြီး ရဲအေးသွင် ကို သေနတ်ဖြင့် ပစ်သတ် ကြက်တိုက်နေသည့် ရဲတပ်ကြပ်ကြီး ရဲအေးသွင် ကို သေနတ်ဖြင့် ပစ်သတ် Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.