ဇန်နဝါရီ တစ်လအတွင်း တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၉၀)ကျော် သေဆုံးပြီး (၃၁၀)ကျော် ဒဏ်ရာရ


ဖေဖော်ဝါရီ ၉ ရက်၊ ဘားအံ

စစ်ကောင်စီတပ်နဲ့ ကရင်တပ်မတော် (KNU/KNLA)တို့အကြား ဇန်နဝါရီ တစ်လအတွင်း တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၉၉)ဦး သေဆုံးပြီး (၃၁၃)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

KNU ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF)တို့အကြား ထိတွေ့ပစ်ခတ်မှု (၄၃၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က မနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း KNLA, KNDO တို့ဘက်မှ ၇ ဦး ကျဆုံးခဲ့ပြီး (၂၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီနဲ့ BGF တို့ရဲ့ လက်နက်ကြီး ပစ်ခတ်မှု​၊ လေယာဥ္နဲ့ ဗုံးကြဲမှုတို့ကြောင့် လူထု (၁၂)ဦး သေဆုံးခဲ့ပြီး (၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU ရဲ့ ဒူးသထူ၊ ညောင်လေးပင်၊ ဘိတ်ထားဝယ်၊ မူတြော်နဲ့ ဒူးပလာယာခရိုင်ထဲ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် လူထု ၇ သောင်းကျော် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။


Shwe Phee Myay News Agency 

ဇန်နဝါရီ တစ်လအတွင်း တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၉၀)ကျော် သေဆုံးပြီး (၃၁၀)ကျော် ဒဏ်ရာရ ဇန်နဝါရီ တစ်လအတွင်း တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၉၀)ကျော် သေဆုံးပြီး (၃၁၀)ကျော် ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.