ချောင်းဦးမြို့နယ် ထူးနီရွာ ပျူစောထီးအဖွဲ့ဝင် မောင်စံ ဓားဖြင့်ခုတ်သတ်ခံရ


(ချောင်းဦး)ဖေဖော်ဝါရီ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထူးနီရွာ က ပျူစောထီးအဖွဲ့ဝင် မောင်စံ ဆိုသူ မုံရွာစက်မှုဇုံအတွင်း ဖေ ဖော်ဝါရီလ ၁၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်တွင် အသတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီထံသို့ မုံရွာ၊ချောင်းဦးနယ်တဝိုက် PDF များကို စုံစမ်း၍ သတင်းပေး(ဒလန်)လုပ်နေသည့်အပြင် ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်သဖြင့်ရှင်းလင်းရခြင်း ဖြစ် ကြောင်း ဗိုလ်စနေ ဒလန်ရှင်းလင်းရေးအဖွဲ့က ဆိုသည်။

"မနေ့က ကျွန်တော်တို့အဖွဲ့ရှင်းလင်းသုတ်သင်လိုက်တာပါ။ ဒီလူက ပြည်သူတွေကို နည်းမျိုးစုံဒုက္ခပေးနေတာပါ။ဒီဟာတွေက အမှတ်မရှိဘူး။ စစ်ကောင်စီ ယန္တရားဆက် လက် လည်ပတ်နိုင်ရေးကို ဆက်လက်လုပ်ဆောင်နေရင် အပြတ်ရှင်းမယ်။ ခုလဲ စစ်တပ်ကို သတင်းပေးနေတဲ့ (ဒလန်) ရှိနေသေးတယ် ဆက်ပြီးလုပ်နေရင် ထပ်ရှင်းမယ်" ဟု ဗိုလ်စနေရှင်းလင်းရေးအဖွဲ့ မှတာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီသတင်းပေး မောင်စံ အသတ်ခံရပြီးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၄င်း၏ ရုပ်အလောင်းအားလာရောက်စစ်ဆေးခြင်းပင်မရှိကြောင်း ဒေသခံများထံကသိရသည်။


Ayeyarwaddy Times 

ချောင်းဦးမြို့နယ် ထူးနီရွာ ပျူစောထီးအဖွဲ့ဝင် မောင်စံ ဓားဖြင့်ခုတ်သတ်ခံရ ချောင်းဦးမြို့နယ် ထူးနီရွာ ပျူစောထီးအဖွဲ့ဝင် မောင်စံ ဓားဖြင့်ခုတ်သတ်ခံရ Reviewed by THITHTOOLWIN on 00:14 Rating: 5

No comments:

Powered by Blogger.