ပုသိမ်ကြီး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂။
ကားအစီးရေ ၃၀ ကျော်ပါတဲ့ စစ်ကောင်စီယာဥ်တန်းကို ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက် ၉ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ်တော်လှန်ရေးအင်အားစု − PRF ဆီက သိရပါတယ်။
အဲ့ဒီယာဥ်တန်းကို မန္တလေးတိုင်း၊ ပုသိမ်းကြီးမြို့နယ်၊ နှောပင်ရွာအနီးမှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ PRF ရဲ့တာဝန်ခံကပြောပါတယ်။
“ အင်အားကိုတော့ အတိအကျမသိရဘူး၊ အချိူ့ကားတွေက မိုးကာလုံးဝအလုံပိတ်ထားတာ၊ ကျနော်တို့က မိုင်း ၂ လုံးခွဲလိုက်တာ၊ အသံကြားတာနဲ့ပဲ ရမ်းသမ်းပြီးပစ်တာ တောက်လျောက်ပဲ၊ အထိအခိုက်တော့ရှိမယ်၊ “ လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို PRF ၊ G 6 Stars ၊ NGUFF ၊ Ninety Comrades တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပြီး၊ အဲ့ဒီစစ်ကောင်စီယာဥ်တန်းဟာ ပုသိမ်ကြီးမြို့နယ်အတွင်းမရောက်ခင် မတ္တရာမြို့နယ်အတွင်းမှာလည်း မိုင်းဆွဲခံခဲ့ရသေးတယ်လို့သိရကြောင်း PRF ရဲ့တာဝန်ခံက ဆက်ပြောပါတယ်။
“ ဒီကားတန်းက အဆင့်ဆင့်မိုင်းဆွဲခံရတာ၊ မတ္တရာမှာအရင်ဆွဲခံရတာလို့ကြားတယ်၊ ကျနော်တို့နဲ့အချိန်သိပ်မကွာဘူး၊ သူတို့ကအရင်ကျမယ်၊ မတ္တရာကိုကျော်မှ ပုသိမ်ကြီးနယ်ပိုင်ကိုရောက်တာ၊ မတ္တရာအဖွဲ့ကလည်းဆွဲ၊ ကျနော်တို့ကလည်း ဆွဲတော့ တော်တော် မခံထိ၊ မခံသာဖြစ်သွားမှာ၊ “ လို့ သူကဆက်ပြောပါတယ်။
PRF အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့လည် ၁၁ နာရီခွဲကလည်း စစ်ကောင်စီဘက်က အရာရှိတဦးလိုက်ပါလာတဲ့ ကားတစီးကို ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးမြနန္ဒာလမ်းနဲ့ ဓနသိဒ္ဓိရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment