ဆောမြို့နယ်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား၂၁ ဦးသေဆုံး၊ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ရဟတ် ယာဥ်များဖြင့် ကျောက်ထုအမြှောက်တပ်ထဲသို့ ပို့ဆောင်


ဖေဖော်ဝါရီ ၂၆ ရက်

မကွေးတိုင်း၊ဆောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တ်ို့အကြား ၇ ရက်ကြာတ်ိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂၁ သေဆုံးပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ကျောက်ထုအမြှောက်တပ်သို့ ရဟတ်ယာဥ်ဖြင့်ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံက သိရသည်။

"ကျောက်ထုကွင်းမှာရောက်နေတဲ့ ရဟတ်ယာဥ်ဟာ ကျင်ဒွေးမှာဆင်းပြီး ရိက္ခာအနည်းငယ်ချပြီး တိုက်ပွဲမှာ ဒဏ်ရာရ စစ်သား ၅ ယောက်တင်လာတယ်လို့သိရတယ်။ လောင်းရှည်ဘောလုံးကွင်းမှာလည်းဆင်းပြီး ဆေးပစ္စည်းလို့ယူဆရတဲ့ အဖြူရောင်ပုံး ၄ ပုံးခန့်ချထားခဲ့ပြီးကျောက်ထုကွင်းမှာကိုပြန်ပို့တယ်သူတို့ဘက်အထိနာနေတော့ လေယာဥ်တွေလဲ ရှုပ်ရှက်က်ခပ်နေတာပဲ" ဟု ဆောမြို့နယ် ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၄ရက်အထိ ၇ရက်တာအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာပြည်သူ့ကာကွယ်ရေးတပ် PDF-SAW၊ CDF Kanpetlet၊ CNA ပူပေါင်းမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

"ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာပဲ ကျောက်ထု လေယာဥ်ကွင်းမှာ ကားတစ်စီးပေါ်ကို လူ နာတွေတင်ပြီး တပ်ထဲပြန်ဝင်သွားတယ် အဝါရောင်အိတ်နဲ့အဝါရောင်ပုံးတွေချထားခဲ့တယ် လက်နက်တွေလား ဆေးပုံးတွေလားတော့ မသိရဘူး" ဟု ၎င်း ဒေသခံ ဆက်လက်ပြောပါတယ်။

လောင်းရှည်မှ ချင်းပြည်နယ်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကား ၁၆ စီးနှင့် စစ်ကောင်စီအင်အား ၂၀၀ခန့်တို့အား ပူးပေါင်းတိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာ သေဆုံးမှုများကြောင်း ဒေသခံများကဆိုသည်။

၂၀ ရက်နေ့တိုက်ပွဲတွင် ဆွဲလွဲကျင်း ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၂၁ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ၂၂ ရက်နေ့ တိုက်ပွဲ ရေရှောင်မျက်ခင်းပြင်အနီးတွင် စစ်ကောင်စီတပ်သား ၁၁ ဦးအထိ သေဆုံးခဲ့ပြီးဒေသပြည်သူ့ကာကွယ်တပ်ဖွဲ့များ အထိအခိုက်အကျအဆုံးမရှိကြောင်း PDF-SAW၊ CDF Kanpetlet၊ CNA ပူပေါင်းအဖွဲ့ထံကသိရသည်။


Ayeyarwaddy Times

ဆောမြို့နယ်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား၂၁ ဦးသေဆုံး၊ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ရဟတ် ယာဥ်များဖြင့် ကျောက်ထုအမြှောက်တပ်ထဲသို့ ပို့ဆောင် ဆောမြို့နယ်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား၂၁ ဦးသေဆုံး၊ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ရဟတ် ယာဥ်များဖြင့် ကျောက်ထုအမြှောက်တပ်ထဲသို့ ပို့ဆောင် Reviewed by THITHTOOLWIN on 01:00 Rating: 5

No comments:

Powered by Blogger.