စစ်ကောင်စီလက်ချက်ဖြင့် ဆိုင်းဖရာ ဒေသခံတစ်ဦး သတ်ဖြတ်ထားခံရ


Feb 9,2022

ဖားကန့်သွားလမ်းမပေါ်ရှိ ဆိုင်းဖာရာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ပြည်သူတစ်ဦးကို ဖေဖော်ဝါရီလ ၄ရက်နေ့တွင် သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ၏ အလောင်းကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်းသိရသည်။

သတ်ဖြတ်ခံရသူမှာ အသက် ၄၀နှစ်အရွယ်ရှိ ဦးဆင်လေဆင်ခေါ်သူဖြစ်ပြီး ၅ရက်ခန့်အကြာပျောက်ဆုံးသွားရာမှ  သတ်ဖြတ်ခံထားရ သည့် သူ၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုင်းဖရာဒေသခံတစ်ဦးထံမှသိရသည်။

“တိုက်ပွဲဖြစ်တဲ့ ၄ရက်နေ့ကပျောက်သွားတာ။ ဒီကနေ့မှ သူ့ရဲ့အလောင်းကို ပြန်တွေ့တယ်။ တိုက်ပွဲဖြစ်လာလို့ ကုန်းဘက်ကို ထွက်ပြေးသွားတယ်လို့ပြောတယ်။ နောက်အဲ့ကနေ့ပျောက်သွားတာ မနေ့ကအထိဘဲ။ သူတို့ရဲ့မိသားစုတွေရှာတာ ၅ရက်လောက်ရှိပြီ။ ဒီကနေ့မနက်ပိုင်းမှ ပြန်တွေ့တယ်။ အလောင်းပြန်တွေ့တဲ့နေရာက ဗမာစစ်သားတွေဘဲ ရှိတဲ့နေရာဖြစ်တယ်။ KIA နဲ့ထင်မှားပြီး သတ်လိုက်တယ်လို့ဘဲမြင်တယ်”ဟုပြောဆိုသည်။

ယခုသေဆုံးမှုမှာ ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ဆိုင်းဖရာကျေးရွာ၏ အမြောက်ဘက်ခြမ်းရှိ မနောမှော်အနီးတွင် စစ်ကောင်စီတပ် နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လာသောကြောင့် ကျေးရွာအတွင်း လက်နက်ကြီးထိမှန်မည်ကို စိုးရိမ်းပြီး ထွက်ပြေးရာမှ သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။


Kachin News Group 

စစ်ကောင်စီလက်ချက်ဖြင့် ဆိုင်းဖရာ ဒေသခံတစ်ဦး သတ်ဖြတ်ထားခံရ စစ်ကောင်စီလက်ချက်ဖြင့် ဆိုင်းဖရာ ဒေသခံတစ်ဦး သတ်ဖြတ်ထားခံရ Reviewed by THITHTOOLWIN on 19:22 Rating: 5

No comments:

Powered by Blogger.