ရွာလုံးကျွတ် မီးရှို့ခံရသော ပုလဲနယ်က ဒေသခံများ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ၊

Photo - ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ


ရွာလုံးကျွတ် မီးရှို့ခံရသော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံများက စစ်အာဏာရှင် ကျဆုံးရေး ယနေ့ ဖေဖေါ်ဝါရီ(၁၁)ရက်တွင် ချီတက်ဆန္ဒပြခဲ့သည်။

"ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓါတ်နဲ့‌ မြေကို မီးရှို့မရဘူး"ဟူသော ကြွေးကြော်သံနှင့်အတူ ချီတက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ပုလဲလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဖော်ပြသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပုလဲမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်၊ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်နေပြီး ယခု ဖေဖေါ်ဝါရီလဆန်း အတွင်းမှာပင် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထု‌ ကြောက်ရွံ့တုန်လှုပ်ပြီး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်မှု အားနည်းသွာစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ပုလဲမြို့နယ်ရှိ အိမ်‌ခြေပေါင်း(၁၀၀၀)ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆိုသည်။

အကြမ်းဖက် စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်နေသော်လည်း စစ်အာဏာရှင် ကျဆုံးရေး တောင်းဆိုဆန္ဒပြမှုများ ပေါ်ပေါက်နေဆဲ ဖြစ်သည်။


Mandalay Free Press - MFP

ရွာလုံးကျွတ် မီးရှို့ခံရသော ပုလဲနယ်က ဒေသခံများ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ၊ ရွာလုံးကျွတ် မီးရှို့ခံရသော ပုလဲနယ်က ဒေသခံများ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ၊ Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.