စစ်တပ်၏ လေယာဉ်ပျက်ကျမှု၌ အလောင်းတစ်လောင်းတွေ့ပြီး အင်းအတွင်းမှငှက်များ ထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေ

ဓာတ်ပုံ - ယနေ့ပျက်ကျခဲ့သည်ဆိုသည့် လေယာဉ်ကို တွေ့ရစဉ်

စစ်ကိုင်း၊ ဖေဖော်ဝါရီ (၁၆)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရေမျက်ကြီးအင်းထဲသို့ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ယနေ့မနက်က ပျက်ကျခဲ့ကြောင်း စစ်ကိုင်းမြို့ဒေသခံများက လူငယ့်ခေတ်သို့ အတည်ပြုပြောသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ယနေမနက် (၁၁) နာရီခန့်က ရေမျက်ကြီးအင်းအတွင်းသို့ ၎င်းတို့လေယာဉ်တစ်စီး စက်ချို့ယွင်းကာ ပျက်ကျခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“လေယာဉ်ပျက်ကျတာမှန်တယ်၊ အလောင်းတစ်လောင်းတွေ့တယ်လို့လည်းကြားထားပါတယ်။ အခု အဲကောင်တွေ ကယ်ဆယ်ရေးလုပ်နေကြတယ်။ ဘာလို့ပျက်ကျတာလဲတော့မသိဘူး ဒါပေမဲ့ အင်းထဲက ရှားပါးငှက်တွေတော့မထိခိုက်ဖို့ဆုတောင်းပါတယ်။"ဟု စစ်ကိုင်းမြို့ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါ တိုက်လေယာဉ်သည် ကန်ကြီးကုန်းရွာအနောက်ဘက်မှနေ၍ ထိုးကျသွားခြင်းဖြစ်ပြီး မီးခိုးလုံးများမြင်ရကြောင်းနှင့် အလောင်းတစ်လောင်းကိုလည်း တွေ့ရှိထားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

အဆိုပါ လေယာဉ်သည် လေ့ကျင့်ချိန် ပျက်ကျခြင်း သို့မဟုတ် ကျေးရွာများသို့ ဗုံးကြဲတိုက်ခိုက်ချိန် ပျက်ကျခြင်းလားဆိုသည့် အကြောင်းအရင်းကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ့အာဏာကိုသိမ်းလိုက်ပြီးနောက် ဇွန်လ(၁၀) ရက်နေ့ကလည်း ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ စစ်တပ်၏ လေယာဉ်တစ်စီးပျက်ကျခဲ့ကာ (၁၂) ဦးသေဆုံးခဲ့သေးသည်။


Lu Nge Khit

စစ်တပ်၏ လေယာဉ်ပျက်ကျမှု၌ အလောင်းတစ်လောင်းတွေ့ပြီး အင်းအတွင်းမှငှက်များ ထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေ စစ်တပ်၏ လေယာဉ်ပျက်ကျမှု၌ အလောင်းတစ်လောင်းတွေ့ပြီး အင်းအတွင်းမှငှက်များ ထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေ Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.