မြင်းခြံနယ်၌ ဘောလုံးပြိုင်ပွဲသို့ လာသည့် စကစများကို မိုင်းဆွဲ၊ အရာရှိ အပါအဝင် သုံးဦးဒဏ်ရာရဟုဆို၊

ပုံစာ - မြင်းခြံခရိုင် စကစ လက်အောက်ခံ ဝန်ထမ်းများ

ဖေဖော်ဝါရီ - ၄

မန္တလေးတိုင်း မြင်းခြံမြို့နယ် အနိမ့်ရွာ၌ စစ်ကောင်စီ အလိုကျ ပြုလုပ်သော ဘောလုံးပြိုင်ပွဲသို့ လာရောက်သည့် စကစများ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် အပါအဝင် စကစ လက်နက်ကိုင် သုံးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း  Myingyan 35 - မြင်းခြံ ၃၅ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီ(၄)ရက်တွင် မြင်းခြံမြို့နယ် အနိမ့်ကျေးရွာ၌ ပြုလုပ်သည့် ဘောလုံးပြိုင်ပွဲသို့ လာသည့် စစ်အုပ်စုကို ၄င်းရွာအနီး၌ နှစ်ကြိမ် မိုင်းဆွဲခဲ့သည်ဟု ဆိုသည်။

“အနိမ့်ကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဘောလုံးပြိုင်ပွဲ ကျင်းပနေသည်ကို ကြားသိရ၍ ပြိုင်ပွဲသို့ သွားမည့် ပျူများနဲ့ စကစတပ်များကို စောင့်ဆိုင်းနေစဉ် စကစတပ်ဖွဲ့ဝင် တစ်ဦးကြောင့် မိုင်းနှစ်လုံး ကွဲသွားခဲ့ပါတယ်။ ၄င်းနောက် မိုင်းကွဲတဲ့ နေရာကို ထပ်မံ လာရောက်တဲ့ စကစတပ်များကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကောင်ကြီး တစ်ကောင် အပါအဝင် စကစတပ်က သုံးဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်" ဟု မြင်းခြံ ၃၅ ပြောက်ကျားတပ်က ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို Myingyan 35 ပြောက်ကျားတပ်နှင့် Myaung Fighter Defense Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ၄င်းတို့ အာဏာသိမ်းသည့် တစ်နှစ်ပြည့်အဖြစ် နိုင်ငံတဝန်း၌ ထောက်ခံပွဲများ ပြုလုပ်ရန် ၄င်းတို့၏ လက်အောက်ခံများကို ဖိအားပေး ခိုင်းစေလျှက် ရှိပြီး အဓိကအားဖြင့် ပြန်/ဆက်နှင့် ထွေအုပ်များက စစ်ကောင်စီ အလိုကျ ထောက်ခံပွဲများ ပြုလုပ်လျှက် ရှိသည်။


Mandalay Free Press - MFP

မြင်းခြံနယ်၌ ဘောလုံးပြိုင်ပွဲသို့ လာသည့် စကစများကို မိုင်းဆွဲ၊ အရာရှိ အပါအဝင် သုံးဦးဒဏ်ရာရဟုဆို၊ မြင်းခြံနယ်၌ ဘောလုံးပြိုင်ပွဲသို့ လာသည့် စကစများကို မိုင်းဆွဲ၊ အရာရှိ အပါအဝင် သုံးဦးဒဏ်ရာရဟုဆို၊ Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.