(CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF) |
မင်းတပ်နှင့် ကန်ပက်လက်တွင်တစ်ရက်တည်း စစ်ကောင်စီတပ် ၇ဦးသေ၊ CDF ထိခိုက်ကျဆုံးမှုမရှိ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၁၉) ရက်တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်CDF-ကန်ပက်လက်က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီဘက်မှာ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူ အများအပြားရှိသည်ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်နိုင်ချေရှိပြီး ပြည်တွင်း၊ ပြည်ပရှိ ကန်ပက်လက်ဒေသခံများအနေဖြင့် ငွေကြေးကူညီပံ့ပိုးရန်လည်း CDF( ကန်ပက်လက်)က မေတ္တာရပ်ခံထားသည်။
ကန်ပက်လက်မြို့နယ်အတွင်းသို့ တိုက်ပွဲများပြင်းထန်လာနိုင်ခြင်းကြောင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ လောင်းရှည်-မဆာတွီ-ကျင်ဒွေး လမ်းမအသုံးပြု၍ သွားလာခြင်းမပြုရန်ရန် ကန်ပက်လက်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုအပြင် ယနေ့(ဖေဖော်ဝါရီ ၁၉) တွင် စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်-CDF(မင်းတပ်)တို့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား ၃ဦးသေပြီး ၂ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း CDF(မင်းတပ်)ကလည်းထုတ်ပြန်သည်။
CDF(မင်းတပ်)ဘက်မှ ထိ့ခိုက်ကျဆုံးမှုမရှိခဲ့ပေ။စစ်ကောင်စီတပ်က မင်းတပ်မြို့နယ် လှိယောကျေးရွာနှင့်အွယ်ရေးကျေးရွာတို့တွင် ပြည်သူ ပိုင်ပစ္စည်းများဖျက်ဆီးနေကြောင်းသိရပြီး အသေးစိတ်မသိရသေးကြောင်းလည်း ပါရှိသည်။
ပြည်သူများအနေဖြင့် နေအိမ်ခေတ္တပြန်ကာ ပစ္စည်း ပြန်ယူခြင်း၊ မိမိအိမ် အခြေနေ ပြန်သွားကြည့်ခြင်း (လုံးဝ) မပြုလုပ်ရန် အသိပေးအပ်သည်ဟု CDF(မင်းတပ်)၊တိုက်နယ်အမှတ်(၁)သတင်းမှန်ပြန်ကြားရေးက ယနေ့ညဦးပိုင်းတွင် ထုတ်ပြန်သည်။
People's Spring
No comments:
Post a Comment