ကနီမြို့နယ် အိုင်တောင်ရွာကို စစ်တပ်နှင့်ပျူစောထီးပေါင်းပြီး မီးရှို့

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အိုင်တောင်ရွာကို ဖေဖော်ဝါရီ ၂၀ရက်နေ့ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများပေါင်းပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များကရွာအတွင်း(၃)နေရာ မှ မီးရှို့နေခြင်းဖြစ်ပြီးအိုင်တောင်ရွာအတွင်း တပ်စွဲနေသောကြောင့်မီးငြှိမ်းရန် ခက်ခဲခဲ့သည်။

အဆိုပါစစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ကနီမြို့နယ် ချိုင်ရွာမှ အပြစ်မဲ့ပြည်သူ(၁)ဦးကိုသတ်ဖြတ်ခဲ့ပြီးနောက် အိုင်တောင်ရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များစစ်ကြောင်းချီလာသောကြောင့် ဒေသခံများစစ်ဘေးရှောင်ခဲ့ပြီး စိတ်မနှံ့သူတစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

"ဒီကောင်တွေလာတော့ တစ်ရွာလုံး ဘယ်သူမှမနေရဲဘူး အကုန်ပြေးကြရတာပဲ အဲဒီမှာ စိတ်ပုံမှန်မဟုတ်တဲ့ အမျိုးသား(၁)ဦး ကိုခိုင်ဇော်ဝင်း အသက်ကတော့(၃၅)လောက်ရှိမယ်

သူ့ကိုစစ်တပ်ကပစ်သတ်သွားတယ်"ဟု အဆိုပါဒေသခံကဆိုသည်။

လက်ရှိတွင်စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအင်အား ၉၀ခန့်သည်  အိုင်တောင်ရွာ စာသင်ကျောင်း၌တပ်စွဲထားသည့်အတွက် ကျေးရွာအတွင်းပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရှိရသေးဟု ဒေသခံများကပြောသည်။


သံလွင်ခက် - Than Lwin Khet News

ကနီမြို့နယ် အိုင်တောင်ရွာကို စစ်တပ်နှင့်ပျူစောထီးပေါင်းပြီး မီးရှို့ ကနီမြို့နယ် အိုင်တောင်ရွာကို စစ်တပ်နှင့်ပျူစောထီးပေါင်းပြီး မီးရှို့ Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.