မုံရွာတွင် အကြမ်းဖက်စစ်ကောင်စီအရပ်ဝတ်များက တံဆိပ်ရိုက်လုပ်ငန်းတိုက်ကို ဝင်ရောက်စီးနင်းပြီး မိသားစုလိုက်ဖမ်းဆီး၊စစ်တပ်က ဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်
ဖေဖော်ဝါရီ၂၁၊ မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့ အလယ်ရပ်ကွက် ကမ္ဘာသစ်လမ်းရှိ ခိုင်သဇင်တံဆပ်ရိုက်လုပ်ငန်းတိုက်ကို ယနေ့နံနက်၁၁နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီအရပ်ဝတ်အိမ်စီးကားများဖြင့် ဝင်ရောက်စီးနင်းကာ မိသားစု၅ဦးဖမ်းဆီးခံရတယ်လိူ့ ဒေသခံများက မုံရွာချင်းတွင်းရိုးမသို့ပြောသည်။
"ဒီနေ့မနက်၁၁လောက်က အိမ်စီးကားအရပ်ဝတ်တွေနဲ့ဝင်စီးတာ၊နောက်ပြီးမှ စစ်ကားအကြီး၂စီးနဲ့ရောက်လာပြီး ပစ္စည်းတွေအကုန်သယ်သွားပြီး ပြန်သွားတာကြတာ၊အဘွားတစ်ယောက်နဲ့ကလေးတွေကို ပြန်လွှတ်ပေးတယ်လို့ သိရတယ်၊အကုန်လုံးမောင်နှမတွေကြီးပဲ"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
စစ်တပ်ဝါဒဖြန့်ချဲနယ်တွေမှာတော့ MMU-PDF တံဆိပ်ပါ တီရှပ်အင်္ကျီ (၃၀)ထည်ပါ (၄) ထုတ်၊ တာဝန်တံဆိပ်ပါ လက်ပတ်အနီ(၂၀)ခု၊ PDF တံဆိပ်ပါအလံအနီ (၇၀)ခု၊ တီရှပ် အင်္ကျီအနက် (၅၀)ထည်ပါ (၄)ထုတ်၊ တီရှပ်အင်္ကျီအနီ (၃၀၀)ထည်ပါ (၁)ထုတ်၊ တံဆိပ် ရိုက်အပူပေးစက် (၁)လုံး၊ PDF တံဆိပ်ရိုက်ခွက် (၃)ခု၊ တံဆိပ်ရိုက်ခွင် ၁၂ ခုနှင့် NLD တံဆိပ်ပါ MASK (၁၀၀)ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊နေအိမ်နှင့် ဆိုင်များကို နိုင်ငံတော်ပိုင် ဘဏ္ဍာအဖြစ် ချိတ်ပိတ် သိမ်းဆည်းသွားမည်ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
ဒါ့အပြင် မုံရွာမြို့ ကန်သာယာအနီးရှိ ပြင်ဦးလွင်စားသောက်ဆိုင်ကို အကြမ်းဖက်စစ်တပ်မှ ယမန်နေ့ဖေဖော်ဝါရီ၂၀ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ရာ PDF ကိုထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်တွင် နေထိုင်သူ မထိုက်ထိုက်လင်းအား ဖမ်းဆီးရမိသည်ဟု စစ်တပ်ဘက်မှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။
မုံရွာတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများပြားလာကာ စစ်ကောင်စီသတင်းပေးများလည်း အသ တ် ခံရနေဆဲဖြစ်သည်။
Chindwin Yoma Media
No comments:
Post a Comment