ဗမာ့ဇာမဏီ အဖွဲ့မှ အများပြည်သူသို့ သတိပေးကြေငြာချက်


ကြေငြာချက်အမှတ် ၆/၂၀၂၂

ရက်စွဲ။  ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ရက်

      ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ရက် နေ့လည် ၃နာရီမိနစ်၂၀အချိန်တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ KBZ ဘဏ်အား မိမိတို့ ဗမာ့ဇာမဏီအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဘဏ်ရှိ ATM စက်နှင့် ဘဏ်မှအသုံးပြုသောကား တို့ ထိခိုက်ပျက်စီးခဲ့ပါသည်။ လူထိခိုက်မှု မရှိခဲ့ပါ။

       KBZ ဘဏ်အနေဖြင့် အကြမ်းဖက် စစ်ကောင်စီဘက်မှရပ်တည်၍ အများပြည်သူအသုံးပြုလျက်ရှိသော ငွေသွင်း ငွေထုတ် အကောင့်များနှင့် ငွေစာရင်းများ ပိတ်သိမ်းခြင်းအား စိတ်တိုင်းကျပြုလုပ်နေသောကြောင့် ယခုကဲ့သို့ သတိပေးဆောင်ရွက်ခြင်း ဖြစ်သည်။

    မိမိတို့ ဗမာ့ဇာမဏီအဖွဲ့၏ သတိပေးမှု အပေါ် အလေးထားခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေပါက ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတိပေး ကြေငြာလိုက်သည်။

ဗမာ့ဇာမဏီအဖွဲ့

အလုပ်အမှုဆောင် ကော်မတီ


Burma Phoenix Organization - BPO

ဗမာ့ဇာမဏီ အဖွဲ့မှ အများပြည်သူသို့ သတိပေးကြေငြာချက် ဗမာ့ဇာမဏီ အဖွဲ့မှ အများပြည်သူသို့ သတိပေးကြေငြာချက် Reviewed by THITHTOOLWIN on 01:32 Rating: 5

No comments:

Powered by Blogger.