ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ဖျက်ဆီးကာ ပြန်လာသော စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ၍ စကစတပ်သား (၂၀) ကျော်သေဆုံး
ဖေဖော်ဝါရီ ၄၊
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မန်ကျည်းကန်ကျေးရွာသို့ ဝင်ရောက်မွှေနှောက်ဖျက်ဆီးကာ ပြန်လာသော ကား (၃) စီးပါ စကစယာဉ်တန်းအား စစ်ကိုင်းမြို့နယ် လယ်ကြီးကျေးရွာနှင့် နတ်ခရိုင်ရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်များမှ ရှေ့ထွက်မိုင်း (၄) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်၍ စကစတပ်သား (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
" အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့ ည ၇ နာရီအချိန်တွင် အထူးပြုလုပ်ထားသော ရှေ့ထွက်အုန်းသီး (၄) လုံးဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးရာ စခများအပြည့်ပါသည့် Dyna ကားတစ်စီး မိုင်းထိမှန်၍ နေရာတင်ထိုးရပ်သွားပြီး မုန့်ဟင်းခါးပွဲရေ (၂၀) နှင့်အထက် ချက်နိုင်ခဲ့သည် " ဟု Farmers Revolution Force (SGG) အဖွဲ့ကထုတ်ပြန်သည်။
အဆိုပါစစ်ဆင်ရေးအား Farmers Revolution Force (SGG) မှဦးဆောင်၍ People Defence Force Myinmu-MMUPDF နှင့် Sagaing Special Attacking Force - SSAF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment