မြောက်ဒဂုံမြို့နယ်က ထားဝယ်ချောင်းရဲစခန်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၀

မြောက်ဒဂုံမြို့နယ်မှာ မနေ့ညပိုင်းက ထားဝယ်ချောင်ရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်မှာရှိတဲ့ ထားဝယ်ချောင်းနယ်မြေရဲစခန်းကို မနေ့ည ၇ နာရီက ပမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာဟု ရဲစခန်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

"ဗုံးပေါက်သံတွေလည်းကြားရတယ် သေနတ်ပစ်သံတွေရော ညဘက်ဆိုတော့ ထွက်ကြည့်လို့မရဘူးလူနာတင်ယာဥ်တွေ သွားတဲ့အသံတော့ကြားတယ်"ဟု ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပြီးနောက် မြောက်ဒဂုံမြို့နယ်က ရပ်ကွက်အချို့ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်ရဲစခန်းမှာ မနေ့ညပိုင်းက အမည်မသိသေနတ်ကိုင်ထားသူတွေကလာရောက်ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့တိို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားဒဏ်ရာရရှိသူမရှိဘူးလို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်ရှိ ထား၀ယ်ချောင် (၄၉)ရဲစခန်းကို Spring Brothers Force နဲ့ People's Force တို့ပူးပေါင်းကာ၄၀မမ  (၃)လုံး အဝေးထိန်းမိုင်း ၄လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ၊ စစ်ကောင်စီဘက်မှ ကားတစီးပျက်စီးပြီး စစ်ကောင်စီဘက်က ၁၀ဦး ခန့်ကြောင်းခန့်မှန်းသိရှိရတယ်လို့ Spring Brothers Force နဲ့ People's Forceအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာ မနေ့က သာကေတမြို့နယ် ၇ စျေးအနီးမှာ အမည်မသိလက်နက်ကိုင်ဆောင်သူတွေနဲ့ရဲတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ရဲနှစ်ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

အလားတူပင် သဃ်န်းကျွန်းမြို့နယ် စံပြစျေးအနီးမြဝတီဘဏ်အနီးမှာလည်း မနေ့ည ၉ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုကို အတည်မပြုနိူင်ခြင်းမရှိသေးပေ။


Salween Press

မြောက်ဒဂုံမြို့နယ်က ထားဝယ်ချောင်းရဲစခန်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ် မြောက်ဒဂုံမြို့နယ်က ထားဝယ်ချောင်းရဲစခန်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ် Reviewed by THITHTOOLWIN on 02:21 Rating: 5

No comments:

Powered by Blogger.