ခရမ်းမြို့က ဘုရားပျိုရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေတိုက်ခိုက်


ရဲတပ်ဖွဲ့ဝင် ၃ဦးထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးတွေထိခိုက်ပျက်စီးတယ်လို့ထုတ်ပြန်

ခရမ်းမြို့နယ်ထဲက ဘုရားပျိုရွာထဲက ကျေးရွာရဲစခန်းတစ်ခုဖြစ်တဲ့ ဘုရားပျိုရဲစခန်းကို မေနေ့ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းက ခရမ်းဒေသကာကွယ်ရေးတပ်က အဝေးပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ကပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့်ရဲစခန်းအတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးကတော့စိုးရိမ်ရတယ်လို့ ခရမ်း PDF က ပြောဆိုထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာလည်း စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ခရမ်းမြို့နယ်ပညာရေးမှူးရုံးကို ဗုံးခဲါတိုက်ခိုက်တာတွေလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကို ခရမ်း PDF က ပြောဆိုထုတ်ပြန်ထားပါတယ်။

ခရမ်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ နေရာတွေကို ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်မှု တွေလုပ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်း နှစ်ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ခရမ်း PDF တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ခရမ်းမြို့နယ်ထဲမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အုပ်ချူပ်ရေးမှူးတွေအများစုနုတ်ထွက်ခဲ့ကြတာကြောင့် အုပ်ချုပ်ရေး ယန္တယားတွေရာနှုန်းပြည့်နီးပါးရပ်ဆိုင်းမှုတွေရှိခဲ့တယ်လို့ခရမ်း ဒေသခံတွေကပြောဆိုထားခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးယန္တယားပြန်လည် ပတ်အောင်လုပ်ဆောင်နေတာတွေရှိနေပြီး ၅၀ ရာခိုင်နှုန်းလောက် ပြန်လည်ပတ်နိုင်တယ်လို့ခရမ်းဒေသကာကွယ်ရေးတပ်ကပြောပါတယ်။

တဖက်မှာလည်း ခရမ်းမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က စစ်ကောင်စီလက်အောင်က ရုံးပိုင်းဆိုင်ရာတွေနဲ့ စစ်ကောင်စီ တပ်တွေတပ်စွဲထားတဲ့နေရာတွေကို ဖောက်ခွဲတိုက်ခိုက်မှုတွေလည်း ဆက်ဖြစ်နေတယ်လို့ဒေသတွင်းး သတင်းဖော်ပြချက်အတွေအရသိရပါတယ်။

BBC Burmese
ခရမ်းမြို့က ဘုရားပျိုရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေတိုက်ခိုက် ခရမ်းမြို့က ဘုရားပျိုရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေတိုက်ခိုက် Reviewed by THITHTOOLWIN on 22:30 Rating: 5

No comments:

Powered by Blogger.