ကြံသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သားနှင့် ပျူ (၁၅) ဦးထက်မနည်းသေဆုံး


ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်ပါးစေပျူစောထီးများအား  ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်၍ PDF-Kalay၊ CDF-KKG၊ CDF-Hakha၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ​၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူ‌စောထီး (၁၅) ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း PDF-Kalay ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ CDF-Hakha ရဲဘော် (၁) ဦး အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရပြီး အခြား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF-Kalay ကဆက်လက်ထုတ်ပြန်သည်။

ထို့နောက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာနှင့် ဟံသာဝတီရွာဘက်မှ  စစ်ကား ၃ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကူအင်အားဖြည့်ရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။


PDF Newsflash

ကြံသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သားနှင့် ပျူ (၁၅) ဦးထက်မနည်းသေဆုံး ကြံသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သားနှင့် ပျူ (၁၅) ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.