လှည်းကူးမှာ မနက်အစောပိုင်း ဗုံး ၅လုံးနီးပါး ပေါက်ကွဲ


ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ယနေ့ (ဖေဖော်ဝါရီတစ်ရက်) မနက်ပိုင်းမှ စတင်ကာ ဗုံး ၅လုံးနီးပါး ပေါက်ကွဲခဲ့သည်ဟု မြို့ခံများမှ တဆင့် သိရသည်။

လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရုံးအရှေ့တွင် ယနေ့ (ဖေဖော်ဝါရီလ ၁ရက်)၊ မနက် ၆နာရီ ၄၅မိနစ်ဝန်းကျင် အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အရှေ့တွင် "သတ္တိရှိတဲ့ကောာင်ကိုင်" ဟူသည့်စာတန်းပါ ပါဆယ်ထုပ် အမဲရောင်အထုပ်က ပေါက်ကွဲခြင်းဖြစ်သည်ဟုဒေသခံများက ဆိုသည်။

" အောင်မင်္ဂလာရပ်ကွက်ရုံးအရှေ့မှာ "သတ္တိရှိတဲ့ကောာင်ကိုင်" ဟူသည့်စာတန်းပါ ပါဆယ်ထုပ် အမဲတစ်ထုပ်ချထားတာတွေ့တယ်၊ အဲ့ဒါကိုစစ်ကောင်စီတွေရောက်လာပြီး ခြေထောက်နဲ့ ကန်လိုက်တယ်၊ ခဏကြာတော့ ဖယ်ရီကားတစ်စီးက တက်နင်းသွားပြီး နည်းနည်းကြာမှ ပေါက်တာ၊ အသံကတော်တော်ကျယ်တယ်၊ အနီးအနားကအိမ်တွေပါတုန်တယ်" ဟု မျက်မြင်တွေ့ရှိသူ က ပြောသည်။

အလားတူ လှည်းကူးEPCရုံးနှင့် လှည်းကူးမြို့နယ်ဘောလုံးကွင်းအနီးတွင် ယနေ့ မနက် ၈နာရီဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက သေနတ်နှစ်ချက် ဖောက်ခဲ့ကြောင်းသိရသည်။

ထို့အတူ ယနေ့ မနက်အစောပိုင်းက လှည်းကူးမြို့မဈေးခန်းမရှေ့ ထီဆိုင်အနီးတွင် ဗုံးဟုယူဆရသည့် ပါဆယ်ထုပ် အမဲတစ်ထုပ် တွေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြည့်နေကြောင်းနှင့် ဈေးအဝင်ကို လမ်းပိတ်ထားကြောင်း မြို့ခံများက ပြောသည်။

ထို့အပြင် လှည်းကူးတာဆုံ ( ဆေးရုံအနီး) တွင်လည်း နံနက် ၈နာရီ၄၀ခန့်က ဗုံးတစ်လုံးထပ်မံပေါက်ကွဲသည်ဟု မြို့ခံများကအတည်ပြုသည်။ 

ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို လှည်းကူးလူမှုပလက်ဖောင်းက စုံစမ်းနေဆဲဖြစ်သည်။


Hlegu Luumhu Platform

လှည်းကူးမှာ မနက်အစောပိုင်း ဗုံး ၅လုံးနီးပါး ပေါက်ကွဲ လှည်းကူးမှာ မနက်အစောပိုင်း ဗုံး ၅လုံးနီးပါး ပေါက်ကွဲ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.