အသံတိတ်သပိတ်ပြုလုပ်ကျင်းပနေစဉ် မုံရွာမြို့ရှိ အမှတ်၂ရဲစခန်းနှင့်စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရ


ဖေဖော်ဝါရီ၁၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် ယနေ့ဖေဖော်ဝါရီ၁ရက်နေ့ ပြည်သူများအသံတိတ်သပိတ်ပြုလုပ်နေစဉ်အတွင်း အမှတ်၂ရဲစခန်းနှင့်စစ်ကောင်စီတပ်သာစများကို အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုမှ လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာသည်။ 

မုံရွာမြိူ့ အိုရှင်းစူပါစင်တာအနီး မြဝတီဘဏ်ရှေ့တွင်ရှိသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊အာဇာနည်လမ်းအသောကကျောင်းအနီး၊ကျောက္ကာလမ်းနှင့်အမှတ်၂ရဲစခန်းတို့ကို ဗုံးများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

နိုင်ငံတဝှမ်းစစ်အာဏာသိမ်းမှုတော်လှန်ရေး၁နှစ်ပြည့်မြောက်သည့်နေ့တွင် မုံရွာမြို့မှာ အသံတိတ်သပိတ်ပါဝင်ဆင်နွှဲနေကြစဉ်အတွင် ရဲစခန်းနှင့်စစ်ကောင်စီတပ်သားများရှိရာနေရာများ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။


Chindwin Yoma Media

အသံတိတ်သပိတ်ပြုလုပ်ကျင်းပနေစဉ် မုံရွာမြို့ရှိ အမှတ်၂ရဲစခန်းနှင့်စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရ အသံတိတ်သပိတ်ပြုလုပ်ကျင်းပနေစဉ် မုံရွာမြို့ရှိ အမှတ်၂ရဲစခန်းနှင့်စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.