စစ်ကောင်စီ-BGF ပူးပေါင်းစခန်းအား KNLAမှပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီ-BGFအဖွဲ့ အထိနာ၍ စခန်း ကိုစွန့်ခွာ။
ဒေသခံရွာသားတစ်ဦးကို စစ်ကောင်စီ ပူးပေါင်းစခန်းမှ ပစ်ခတ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈၊ သထုံခရိုင်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တက်ရင်း ၁ လက်အောက်ခံတပ်ဖွဲ့များမှ ကေအဲန်ယူ ဖားအံမြို့နယ်အတွင်းရှိ
ဂျို့ပင်ဆိပ် (BGF-၁၀၄)လက်အောက်ခံစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ-BGF ဖက်မှ ၄ ဦးသေကာ စစ်ကောင်စီ တပ်ခွဲမှူးအပါအဝင် ၄ ဦးဒဏ်ရာရသည်။
ထို့နောက် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့သည် စခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ ရမ်းသမ်းပစ်ခတ်မှုများကြောင့် စခန်းအရှေ့မှ ဆိုင်ကယ်မောင်းနှင်လာသူ ဒေသခံပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
အသက်၂၁ နှစ်အရွယ်မောင်ကပ်ကျော်ဦးသည် ကမမောင်းသို့ဆိုင်ကယ်နှင့်ရာဘာရောင်းရန် စခန်းအရှေ့မှ ဖြတ်မောင်းသွားစဥ်(BGF-၁၀၁၄) ပူးပေါင်း စခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ယခုအချိန်တွင် ဆေးဝါးကုသမှုခံယူနေရသည်။
အဆိုပါ စစ်ကောင်စီ-BGFပူးပေါင်းတပ်ဖွဲ့သည် အင်အား ၃၀ ခန့် ရှိကာ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှုများကြောင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဂျို့ပင်ဆိပ် (BGF-1014)စခန်းကို စွန့်ခွာ၍ မိတ္ထီလာရွာ (ဘုရားကုန်း)သို့ ပြောင်းရွေ့ဆုက်ခွာသွားကြောင်းသတင်းရရှိသည်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻
No comments:
Post a Comment