မဲခေါင်၊ ဖေဖော်ဝါရီ ၁၃ရက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော Bago City Rainger Force _BCRF မှ တပ်ဖွဲ့ဝင် ရဲဘော် ကျော်လမင်းကိုသည် ယနေ့ ဖေဖော်ဝါရီ၁၃ရက် KNU တပ်မဟာ( ၁) နယ်မြေတွင် ကောင်စီတပ်နှင့် ထိတွေ့ မူဖြစ်စဉ် ကျဆုံးသွားခဲ့ကြောင်း BCRF မှ ထုတ်ပြန်ထားသည်။
အသက် ၂၂ နှစ် အရွယ်ရှိ လမင်းကိုသည် ယနေ့ အာဏာသိမ်းစစ်ကောင်စီ နှင့် တိုက်ပွဲတွင် တိုင်းပြည်အတွက် အသက်ပေးခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
"သူက အဖွဲ့တွက် အရမ်းအနစ်နာခံတာ။ အဖွဲ့မှာဆို စာဖိုမူးလေ။ ဟင်းချက်အတော်ဆုံး၊ ဘာပဲ ဖြစ်လာလာ ရှေ့ကနေ ရပ်တည်ပေးတယ်။ အခုလိုကျဆုံး သွားတော့ မယုံနိုင်ဘူး။ အသက်ငယ်ပေမယ့် စိတ်ဓာတ်က မာတယ် ရဲရင့်တယ် ကြောက်လည်းမကြောက်တတ်ဘူး" ဟု ၎င်းကပြောသည်။
နိုင်ငံတဝှမ်းတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment