မောင်တောတွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲထပ်မံဖြစ်ပွါး


ဖေဖော်ဝါရီ ၆ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်းရက္ခိုင့်တပ်တော် AAနှင့် မြန်မာ့စစ်တပ်တို့အကြားတိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

အဆိုပါတိုက်ပွဲများမှာ ယနေ့ နေ့ခင်း ၃ နာရီကနေ ၄ နာရီလောက်ထိ တစ်ကြိမ်၊ ၄ နာရီကျော်ကနေ ၆ နာရီလောက်ထိတစ်ကြိမ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်သည့် နေရာမှာလည်း ၂ နေရာ ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်နေတယ် နေ့ခင်း ၃ နာရီလောက်နေ စပြီး ပစ်ခတ်သံတွေ ကြားနေရတာ၊ ၄ နာရီလောက်မှာ အသံစဲသွားပြီး သိပ်မကြာခင်မှာဘဲ နောက်ထပ် လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ် ၆ နာရီလောက်မှာတော့ အသံစဲသွားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။ 

တိုက်ပွဲ ဖြစ်နေစဥ်အတွင်း လက်နက်ကြီး ပစ်ခတ်သံများ ကျယ်ကျယ်လောင်လောင် ကြားနေရပြီးတစ်ချို့ဒေသခံများမှာ နီးစပ်ရာကျေရွာများသို့တိမ်းရှောင်နေရကြောင်းပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မောင်တောမြို့နယ် မီးတိုက်ကျေးရွာဘက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ၁ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့မှုများနှင့်စပ်လျဥ်းပြီး အကြောင်းစုံကို Western News  မှ ရက္ခိုင်တပ်တော် AA၏  ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ယနေ့ ညနေပိုင်းဆက်သွယ်မေးမြန်းခဲ့ရာ တိုက်ပွဲဖြစ်ပွါးခဲ့သည်မှာ ဟုတ်မှန်ကြောင်းပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ပြောဆိုမှုမရှိခဲ့ပေ။


Western News-WN

မောင်တောတွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲထပ်မံဖြစ်ပွါး မောင်တောတွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲထပ်မံဖြစ်ပွါး Reviewed by THITHTOOLWIN on 22:41 Rating: 5

No comments:

Powered by Blogger.