မတူပီကနေမင်းတပ်သို့ပြန်လှည့်လာတဲ့ စကစယဉ်တန်းများသည်7နာရီခန့်ခရီးကို(၁၅)ရက်ကြာခရီးနှင်းပီး မင်းတပ်မြို့သို့အထိနာစွာဖြင့်Feb-8ရက်နေ့တွက်ရောက်ရှိပီလို့ဆို


8/2/2822

မနေ့ည ၇နာရီခွဲလောက်မှာမင်းတပ်မြို့ပေါ် ၂၇၄ တပ်ရင်းကနေ လှမ်းပစ်လိုက်တဲ့ တာဝေးလက်နက်ကြီး ၂ ချက်က အသံတော်တော်ကျယ်တာပဲ။ ရွာတွေကိုချိန်ပြီး ဘယ်သူသေသေဆိုပြီး ပစ်တာပါ။ တောင်ကျောကြီးတစ်ခုလုံးက ရွာ‌တော်တော်များများက သူတို့ရွာနားကျတယ် ပြောတာပဲ။ ဘယ်သူမှ  အထိအခိုက်မရှိလို့ တော်သေးတယ်။ ဘယ်နားကျတယ်ဆိုတာတော့ ဟိုပြောဒီပြောနဲ့ ဘယ်သူမှ သေချာမသိဘူး။ 

ဘာလို့ ပစ်တာလဲ။ ဖြစ်နိုင်တာကတော့ မတူပီကနေ မင်းတပ်ကို မနေ့ကမှ ဝင်နိုင်တဲ့ စကစယဉ်တန်းဟာ အထိခိုက်အကျဆုံးများစွာနဲ့ မြို့ထဲ ဝင်လာတယ်ပြောတယ်။ စစ်ကားတွေပေါ်မှာ ဒဏ်ရာရလာသူတွေ၊ ထိခိုက်အနာတရဖြစ်သူတွေနဲ့ အပြည့်ပဲလို့ မျက်မြင်အချို့က ပြောပါတယ်။

သံချပ်ကာ ၂ စီးပါ စကစယဉ် ၈၃ စီးဟာ Jan 25 ရက်နေ့မှာ မတူပီကနေ ပြန်ဆင်းလာတယ်။ CDF-Matupi က စကစယဉ်တန်းကို ချန်းပြန်းရွာဝန်းကျင်ကနေ မိုင် ၇၀ နားအထိ တိုက်တယ်။ 

CDF-MINDAT ကလည်း မိုင် ၇၀ ကနေစပြီး မိုင် ၆၀၊ ၅၆ ကနေစလို့ ၁၆ မိုင်အထိ ‌တိုက်ပွဲပေါင်း ၁၅ ကြိမ်လောက် ဆင်တယ်။ ပဒေသာမိုင်း၊ တိုက်မိုင်းတွေ အကြိမ်ကြိမ်ခွဲတယ်။ဗုံးဆံတွေ၊ ကျည်တွေ၊ လက်နက်သိမ်းနိုင်တာတွေ ရှိခဲ့တယ်။ စကစယဉ်တန်းဟာ  မြို့နဲ့ ၁၆ မိုင်အကွာကို Feb 4 ရက်နေ့ရောက်တယ်။ ဒါပေမဲ့ မြို့ကိုရောက်ဖို့ ဒီ ၁၆ မိုင်စာ ကတ္တရာလမ်းကို ၄ ရက်ကြာလာရပြီး မနေ့က Feb 8 ကျမှပဲ မြို့ထဲရောက်တော့တယ်။ ဆိုတော့ မင်းတပ်-မတူပီ စုစုပေါင်း ၁၀၄ မိုင်အကွာ ကတ္တရာလမ်းခရီးကို ၁၅ ရက်ကြာလာရပြီး လမ်းမှာ လူသူလက်နက်အများအပြား ဆုံးရှုံးတယ်။


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

မတူပီကနေမင်းတပ်သို့ပြန်လှည့်လာတဲ့ စကစယဉ်တန်းများသည်7နာရီခန့်ခရီးကို(၁၅)ရက်ကြာခရီးနှင်းပီး မင်းတပ်မြို့သို့အထိနာစွာဖြင့်Feb-8ရက်နေ့တွက်ရောက်ရှိပီလို့ဆို မတူပီကနေမင်းတပ်သို့ပြန်လှည့်လာတဲ့ စကစယဉ်တန်းများသည်7နာရီခန့်ခရီးကို(၁၅)ရက်ကြာခရီးနှင်းပီး မင်းတပ်မြို့သို့အထိနာစွာဖြင့်Feb-8ရက်နေ့တွက်ရောက်ရှိပီလို့ဆို Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.