ထီးချိုင်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစရှေ့ပြေးတပ်သား (၈) ဦး ဗုံးကနဲလဲကျသေဆုံးသည့်အပြင် လက်နက်ကြီးပစ်သူ (၂) ဦးပါသေဆုံးခဲ့


​ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်း ကြက်တကောင်ရွာနှင့် ပေကုန်းရွာကြားတွင် ယမန်နေ့ မနက် ၈ နာရီခန့်က စစ်ကောင်စီရှေ့ပြေးတပ်သား (၁၀)ဦးအား ရှေ့ထွက်မိုင်း (၁) လုံး ရှေ့တည့်တည့်အရောက်တွင်ခွဲရာ စကစတပ်သား (၈) ဦး ဗုံးကနဲပုံလျက်လဲကျသေဆုံးသွားပြီး (၂) ဦးသာကျန်နေခဲ့ကြောင်းသိရသည်။

ထို့နောက် ဓားစာခံ (၂၀) ဦးနှင့်အတူတက်လာသော စကစတပ်များအား ရွှေလီဧရာအရှေ့ခြမ်းအဖွဲ့များမှ Fox Army၊ F3 Army၊ Local PDF & UC နောက်မှလိုက်၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ရာ စကစဘက်မှ လက်နက်ကြီးအဖွဲ့  ၇၃ မမ ပစ်သူ(၂) ထပ်မံသေဆုံးခဲ့ကြောင်း Fox Army - HPDF ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ (၁)ဦးသာ ဒဏ်ရာရရှိခဲ့ပြီး စကစတပ်များအား ပေကုန်းရွာအဝင် အုတ်ဖိုကျင်းနားရောက်သည်အထိ တိုက်ခိုက်ကာ နယ်မြေရှင်းလင်း၍ အောင်မြင်စွာတပ်ပြန်ဆုတ်ခဲ့ကြကြောင်း Fox Army - HPDF က ဆက်လက်ထုတ်ပြန်သည်။


PDF Newsflash

ထီးချိုင်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစရှေ့ပြေးတပ်သား (၈) ဦး ဗုံးကနဲလဲကျသေဆုံးသည့်အပြင် လက်နက်ကြီးပစ်သူ (၂) ဦးပါသေဆုံးခဲ့ ထီးချိုင်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစရှေ့ပြေးတပ်သား (၈) ဦး ဗုံးကနဲလဲကျသေဆုံးသည့်အပြင် လက်နက်ကြီးပစ်သူ (၂) ဦးပါသေဆုံးခဲ့ Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.