ဒီမော့ဆို ၊ ငွေတောင်ဆည်အနီးကတိုက်ပွဲမှာ စစ်ကောင်စီဘက်ကအကျအဆုံးများခဲ့ပြီး PDF ဘက်က သူရဲကောင်း (၂) ဦးလည်း ကျဆုံးခဲ့
ဇန်နဝါရီ၊၃
ကယားပြည်နယ် ၊ ဒီမော့ဆိုမြို့နယ် ၊ ငွေတောင်ဆည်အနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို တိုက်ပွဲအတွင်းမှာ PDF ဘက်ကက သူရဲကောင်း (၂) ဦးလည်းအသက်ပေးလှူ ကျဆုံး ခဲ့တယ်လို့ လွိုင်ကော် PDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ကတိုက်ပွဲမှာ လွိုင်ကော် PDF ၊ ဒီးမော့ဆို PDF ၊ ကရင်နီတပ်မတော် KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KNDF ၊ KGZ ၊ အလယ်ပိုင်းတိုင်းအထူးတိုက်ခိုက်ရေးအဖွဲ့ တို့ပူးပေါင်းတိုက်ပွဲ၀င်ခဲ့ကြပြီး မနေ့က မနက်ကနေ ညနေ( ၅) နာရီ၀န်းကျင်အထိ အချိန်ကြာမြင့်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးမှုများခဲ့တာကို မြေပြင်ရဲဘော်တွေက မျက်မြင်အတည်ပြုနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ လွိုင်ကော် PDF ကဆိုပါတယ်။
မနေ့ကတိုက်ပွဲမှာ လွိုင်ကော် PDF က ရဲဘော် (၂) ဦးဒဏ်ရာရရှိထားပြီး ဒီမော့ဆို ငွေတောင်ဆည်အနီးတိုက်ပွဲ (၃) ရက်တာအတွင်းမှာ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၂) ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
လွိုင်ကော် PDF က ဒဏ်ရာရ ရဲဘော် (၁၂) ဦးစလုံးမှာ အသက်ဘေးကလွတ်ကင်းခဲ့ပြီး ဆေးကုသမှုကောင်းမွန်စွာခံယူလျက်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အအပြင် မနေ့ကတိုက်ပွဲအတွင်း အသက်ပေးလှူသွားတဲ့ လွိုင်ကော် PDF က ရဲဘော်ကြာဦး (ခ) ပေါလူ နဲ့ ကရင်နီတပ်မတော် (KA)က ရဲဘော်တစ်ဦး တို့ကို အလေးပြုဦးညွတ်ကြောင်းလည်း ဖော်ပြထားပါတယ်။
National Unity Media - NUM
No comments:
Post a Comment