စစ်ကောင်စီတပ်၏ လူသတ်၊ ဓါးပြတိုက်၊ မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် စိုးရိမ်ထိတ်လန့်နေသော ၀က်လက်မြို့နယ်တောင်သူများအား PDF ရဲဘော်များမှ စပါးကူညီရိတ်သိမ်းပေး
ဇန်နဝါရီလ ၂
၀က်လက်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လူသတ်၊ ဓါးပြတိုက်၊ မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့်လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်စိုးရိမ်ထိတ်လန့်နေသော တောင်သူများအား PDF ရဲဘော်များမှ စပါးကူညီရိတ်သိမ်းပေးခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းခရိုင် PDF တပ်ရင်း (၁)မှ ဗိုလ်ဇာတ်လိုက် အဖွဲ့က ယနေ့ ဇန်နဝါရီလ ၂ရက်နေ့ နံနက်ပိုင်းတွင် ၀က်လက်မြို့နယ်အတွင်းရှိ တောင်သူများအား စပါးကူညီရိတ်သိမ်းပေးခြင်းများဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
၀က်လက်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁ရက်နေ့ မနက်ပိုင်း၆နာရီခန့်စပြီး ရှိမ်းမကား ဘုရားလေးကုန်းရွာနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့မှ လှည့်လည်မီးရှို့ခဲ့ကြတဲ့အတွက် နေ့လည် ၁၁နာရီခန့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့ရာ ညနေ ၅နာရီကျော်အထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ညနေ၆နာရီခန့်က Mi35 စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြပါတယ်။
စစ်ကိုင်း၊ ၀က်လက်၊ မြင်းမူ၊ အရာတော် မြို့နယ်များတွင် စစ်တပ်နှင့်ပျူစောထီးများ၏ စစ်ကြောင်းထိုးခြင်းများ၊ မီးရှို့ဖျတ်ဆီးခြင်း၊ လုယူဓါးပြတိုက်မှုများကြောင့် ဒေသခံတောင်သူများ ရိတ်သိမ်းချိန်ရောက်ရှိနေသော်လည်း လယ်ယာလုပ်ငန်းဆောင်ရွက်ရန် အခက်အခဲများစွာကြုံတွေ့နေရတယ်လို့သိရပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment