မြို့နယ်လျှပ်စစ်ရုံးသို့ဆောင်မည့် မီတာခများကို PDF က ကြားဖြတ်သိမ်းယူ


မဲခေါင်၊ ဇန်နဝါရီ ၂၄

ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာမှ အတင်းအဓမ္မကောက်ယူထားသော လျှပ်စစ်မီတာဘေ(၈သိန်း)ကျပ်အား မြို့နယ်လျှပ်စစ်မီတာရုံးသို့ သွားရောက်ပို့ဆောင်စဉ် လမ်းခုလတ်တစ်နေရာ၌ ရေနံချောင်း PDF နှင့် Rangers Of Tropical Land(ROTL) တို့မှပူးပေါင်း တားဆီးသိမ်းယူခဲ့သည်ဟု ယနေ့ထုတ်ပြန်သည်။

အုပ်ချုပ်‌ရေးမှူးအပါအဝင် သွားရောက်ပို့ဆောင်သူ ၃ဦးအား ပြင်းပြင်းထန်ထန် သတိပေး ဆုံးမခဲ့ပြီး ငွေကျပ်(၈သိန်း)အား တော်လှန်ရေးကြီးအတွက် အသုံးချသွားမည်ဟု ရေနံချောင်း PDF က ထုတ်ပြန်သည်။


MeKong News - မဲခေါင်သတင်း 

မြို့နယ်လျှပ်စစ်ရုံးသို့ဆောင်မည့် မီတာခများကို PDF က ကြားဖြတ်သိမ်းယူ မြို့နယ်လျှပ်စစ်ရုံးသို့ဆောင်မည့် မီတာခများကို PDF က ကြားဖြတ်သိမ်းယူ Reviewed by THITHTOOLWIN on 19:12 Rating: 5

No comments:

Powered by Blogger.