ဖောင်းပြင်တွင် တစ်ရက်တည်း ရဲစခန်းနှစ်ခုအား PDF များ ဝင်ရောက်စီးနင်း၊ စခန်းမှုးအပါအဝင် ရဲတပ်သား (၈) ယောက်အား လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့
ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ တစ်ရက်တည်းမှာပင် ရဲစခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းတစ်ခုအား မီးရှို့ဖျက်ဆီးကာ ရဲတပ်သား (၈) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်များကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း PVTV သတင်းဌာနက ထုတ်ပြန်သည်။
ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းရဲစခန်းအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဖောင်းပြင် PDF နှင့် ဖောင်းပြင်မြို့နယ် ပကဖတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီခန့်အထိရှိခဲ့ပြီး ရဲတပ်သား (၈) ဦး ထွက်ပြေးသွားကာ (၂) ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲစခန်းအတွင်းက G3 (၃) လက်သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကာ တိုက်ပွဲအတွင်း ဖောင်းပြင် PDF နဲ့ ဖောင်းပြင်မြို့နယ် ပကဖတို့ဘက်က ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
" အဆိုပါတစ်ရက်တည်းမှာပဲ ရေအောက်တောင်း ရဲစခန်းကို ဖောင်းပြင် PDF နှင့် ဖောင်းပြင်မြို့နယ် ပကဖအဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန်က တစ်နာရီနဲ့မိနစ်၂၀ ခန့်လောက်ဖြစ်ပြီးတော့ ရဲတပ်သား (၂) ဦးထွက်ပြေးခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်သား (၆) ဦးဖမ်းဆီးရမိခဲ့ပါတယ် " ဟု PVTV ကထုတ်ပြန်သည်။
ဒါ့အပြင် ရဲခစန်းအတွင်းက G3 (၅) လက်၊ စတင်း(အူဇီ) (၂) လက်၊ ကျည်မျိုးစုံ၊ လက်ပတော့ (၁) လုံး၊ ဆိုင်ကယ် (၂) စီးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ဖောင်းပြင် PDF တပ်ရင်းကတစ်ဦး မစိုးရရတဲ့ အခြေအနေနဲ့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment