ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံ PDF တပ်ဖွဲ့ပြေ

ထီးချိူင့်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာအများစုကို လူထုထောက်ခံမှုအားကောင်းသော ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

ဥပမာအနေဖြင့် စစ်ကောင်စီသည် ထီးချိုင့်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်နှင့် ပတ်၀န်းကျင်ရှိ ကျေးရွာ ၄ ခုကိုသာ အုပ်ချုပ်ခွင့်ရရှိပြီး ကျန်ရှိသည့် ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု  ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာ၀န်ရှိသူက လူငယ့်ခေတ်သို့ ပြောသည်။

"လပိုင်းအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဒီသတင်း (စစ်ကောင်စီ ကျေးရွာအုပ်ချုပ်ရေးကို လက်လွှတ်လိုက်ရ) ကျွန်တော်တို့က မထုတ်ပြန်သေးတာပါ" ဟု စစ်ကိုင်းတိုင်းအတွင်းရှိ အမည်မဖော်လိုသော PDF တပ်ဖွဲ့၀င် တစ်ဦးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၌ ကျေးရွာများ၏ အုပ်ချုပ်ရေးစနစ်ကို လက်လွှတ်ဆုံးရှုံးသွားပြီဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာ၀န်ရှိသူက ရှင်းပြသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များသည် မြို့ပေါ်မှလွဲ၍ ကျေးရွာအများအပြားကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိ‌နေပြီဟုလည်း သိရသည်။

"မြို့ပေါ်မှာလည်း သူတို့ဆီမှာ လူအင်အားမရှိဘူး။ ထောက်ခံမယ့်လူလည်း မရှိဘူး။ ကျွန်တော်တို့ ဗုံးပစ်တာတို့ ဒလန်သတ်တာတို့လုပ်ရင်တောင် ချက်ခြင်းမလာရဲကြဘူး။ သူတို့စခန်းတောင် မြို့ပေါ်မှာ လုံအောင်မနည်း လုပ်နေရတာ"ဟု နယ်ခံ PDF တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏ ဖိနှိပ်မှုကို အများဆံုးခံရသည့် ဒေသများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။ စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၌ တိုက်ခိုက်ရေးလေယာဉ်ဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ကျေးရွာအများအပြားကို မီးရှို့ခဲ့သည်။

လူငယ့်ခေတ် / Lu Nge Khit

ဓာတ်ပုံ- ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံ PDF တပ်ဖွဲ့ပြေ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံ PDF တပ်ဖွဲ့ပြေ Reviewed by THITHTOOLWIN on 17:17 Rating: 5

No comments:

Powered by Blogger.