ထီးချိုင့်တွင် စစ်ကောင်စီတပ် နောက်ချန်အဖွဲ့အား PDF များ အနီးကပ်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နောက်ချန်တပ်ဖွဲ့အား PDF များက အနီးကပ်ပစ်ခတ်နိုင်ခဲ့ရာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု Angles Army HPDF က ယနေ့ ဇန်နဝါရီလ ၁၉ ရက် ညနေပိုင်း၌ ထုတ်ပြန်ဖော်ပြထားသည်။

ထီးချိုင့်မြို့နယ်အတွင်းတစ်နေရာ၌ စစ်ကောင်စီတပ်များ ၂ ဖွဲ့ ဖွဲ့၍ ပြန်လာကြစဥ် အဖွဲ့တစ်ဖွဲ့၏နောက်ကျန် ၁၆ ယောက်အား HPDF က အနီးကပ် ပစ်ခတ်တိုက်ခိုက်ကြသည်။

အဆိုပါ အနီးကပ်ပစ်နိုင်ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ခဲ့ပြီး စစ်သား ၃ ဦးသည် အော်ဟစ်ထွက်ပြေးသွားခဲ့သည်။

 ကျန်စစ်သား ၁၃ ဦးသည် အခင်းဖြစ်ပွားရာနေရာ၌ ဒဏ်ရာပြင်းထန်ရရှိနေသည့် အခြေအနေတွင် မြေပြင်ပေါ်၌ အတုန်းအရုန်းလဲနေကြကာ တစ်စုံတစ်ရာ တုန့်ပြန်နိုင်ကြခြင်း မရှိကြဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။


သံလွင်ခက် - Than Lwin Khet Newsa

ထီးချိုင့်တွင် စစ်ကောင်စီတပ် နောက်ချန်အဖွဲ့အား PDF များ အနီးကပ်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင် ထီးချိုင့်တွင် စစ်ကောင်စီတပ် နောက်ချန်အဖွဲ့အား PDF များ အနီးကပ်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင် Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.