ပင်လည်ဘူးတွင် စစ်ကောင်စီစခန်းအား PDF က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ (၂) ဦးနှင့် တပ်သား (၂၀) ကျော်သေဆုံး

Photo - အကြမ်းဖက်စစ်ကောင်စီတပ်များ (ပုံဟောင်း)

ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့ပေါ်တွင် ရဲများနှင့် စစ်သားများနေထိုင်ရာ ရဲစခန်းဝင်ရောက်တိုက်ခိုက်ခံရ၍ အရာရှိ (၂) ဦးနှင့် စကစတပ်သား (၂၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်က PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး " မြို့ပေါ်ခွေးစခန်းတိုက်ပွဲတွင် စခအကောင်ကြီး အမြီးရှည် (၂) ကောင်ဂန့်ပီး နောက်လိုက် စခအကောင် (၂၀) ထက်မနည်း ဂန့်သည်ဟု သိရှိရပါသည် " ဟု ပင်လယ်ဘူးသတင်းရင်းမြစ် PR ကထုတ်ပြန်သည်။

အဆိုပါ ပစ်ခတ်မှုတိုက်ပွဲအတွင်း PDF ရဲဘော် (၂) ဦးလည်း ပြည်သူအတွက် အသက်ပေးကာကွယ်သွားရကြောင်းနှင့် ကျန်ထိခိုက်ဒဏ်ရာရရှိသော ရဲဘော်များမှာ အသက်အန္တာရာယ် မစိုးရိမ်ရတော့ကြောင်း PR က ဆက်လက်ထုတ်ပြန်သည်။


PDF Newsflash

ပင်လည်ဘူးတွင် စစ်ကောင်စီစခန်းအား PDF က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ (၂) ဦးနှင့် တပ်သား (၂၀) ကျော်သေဆုံး ပင်လည်ဘူးတွင် စစ်ကောင်စီစခန်းအား PDF က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ (၂) ဦးနှင့် တပ်သား (၂၀) ကျော်သေဆုံး Reviewed by THITHTOOLWIN on 19:19 Rating: 5

No comments:

Powered by Blogger.