ထီးချိုင့်နှင့် ကသာကြားတွင် စစ်ကောင်စီ သင်္ဘော ၂စီးကို PDF များ ကြားဖြတ်တိုက်ခိုက်၊ ၃၀ ကျော်ခန့်သေဆုံးနိုင်သည် ဟု ဆို
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်ကြား ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော ၂စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များက ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ ကျော်ခန့် သေဆုံးနိုင်သည် ဟု TigyaingRevolution - TR က ပြောကြားသည်။
ထီးချိုင့်နှင့် ကသာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်၊ ရိက္ခာပါသော စစ်ကောင်စီ၏ သင်္ဘော ၂စီး၊ ပုံညာနှင့် ပြဒါးရှင် ကို ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက သုံးနေရာခွဲကာ တိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။
Tigyaing Revolution က '' ဒီနေ့ မနက်ကနေ စတိုက်တာပါ။ နေရာ သုံးနေရာကနေ တိုက်တာပါ။ ၄၀ မမဗုံးပစ်လောင်ချာ၊ ရှေ့ထွက်မိုင်းတွေနဲ့ တိုက်ခိုက်တာပါ။သေဆုံးခန့်မှန်က ၃၀ ကျော်လောက်တယ် '' ဟု ပြောကြားသည်။
PDF များဘက်ကမူ အနည်းငယ် ထိခိုက်ဒဏ်ရာရယုံကလွဲ၍ အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနှင့် စစ်ကောင်စီ သင်္ဘောများ ကသာဘက်သို့ ဆက်လက် ဆန်တက်သွားကြောင်းသိရသည်။
ထီးချိုင့် - PDF များသည် ယခင်ကလည်း စစ်ကောင်စီ စစ်ကြောင်းများနှင့် ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်ထားကြောင်း သိရသည်။
The Ladies News
No comments:
Post a Comment