ပရဟိတဆရာဝန်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးခဲ့ရသည့် ဖောက်ခွဲမှု လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချသည်ဟု ကျောက်ဆည် PDF ထုတ်ပြန်


ပရဟိတဆရာဝန်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးခဲ့ရသည့် ဖောက်ခွဲမှု လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချသည်ဟု ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ် KPDF က ယနေ့ ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

ပြီးခဲ့သော ဒီဇင်ဘာလ  ညနေ ၃ နာရီခန့်အချိန်တွင် ကျောက်ဆည်မြို့ ၊ စျေးတန်းရပ်၊ မြို့မစျေးတောင်ဘက် ၊ ဒေါ်သိုက်ကြီးကွေ့ အနီးတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် ကျောက်ဆည်မြို့၏ ကြယ်တစ်ပွင့်ဖြစ်သည့် ပရဟိတလူမှုအကျိုးပြုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာလှိုင်းဇော်ညွှန့်အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးထိခိုက်သေဆုံးခဲ့သည်။

ထိုဖောက်ခွဲမှုသည်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များမှ လုပ်ဆောင်သယောင် ပြင်ပပြည်သူများကြားတွင် ဝါဒဖြန့်ဖော်ပြမှုများ ကြားသိတွေ့မြင်နေရပါသည်ဟု KPDFက ဖော်ပြထားသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူထိခိုက်နိုင်သည့် တိုက်ခိုက်မှုမျိုးလုပ်ဆောင်မည်မဟုတ်သကဲ့သို့ ထိုဖြစ်စဥ်အားစုံစမ်းသိရှိရသလောက် ကျောက်ဆည်ကိုယ်စားပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှလုပ်ဆောင်ချက်မဟုတ်ကြောင်း၊ ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား စိတ်ဝမ်းကွဲစေရန် သွေးထိုးသည့်ဖောက်ခွဲမှုလုပ်ရပ်ဖြစ်မည်ဟု ယူဆပါသည်ဟု KPDFက ဆိုသည်။

ထိုကြောင့် ယခုဖြစ်စဥ်အား မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်သည်ဖြစ်စေ မည်သူလုပ်ဆောင်သည်ဖြစ်စေ ပြည်သူလူထုကိုတိုက်ခိုက်သည့်ဖြစ်စဥ်အဖြစ် KPDF မှ အပြင်းအထန်ရှုတ်ချကြောင်း၊ ထိခိုက်ကွယ်လွန်သွားသည့် အပြစ်မဲ့ပြည်သူ ၃ ဦးအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ထုတ်ပြန်လိုက်သည်။


သံလွင်ခက် - Than Lwin Khet News

ပရဟိတဆရာဝန်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးခဲ့ရသည့် ဖောက်ခွဲမှု လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချသည်ဟု ကျောက်ဆည် PDF ထုတ်ပြန် ပရဟိတဆရာဝန်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးခဲ့ရသည့် ဖောက်ခွဲမှု လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချသည်ဟု ကျောက်ဆည် PDF ထုတ်ပြန် Reviewed by THITHTOOLWIN on 00:06 Rating: 5

No comments:

Powered by Blogger.