KNU တပ်မဟာ ၁ အနေနဲ့ ၎င်းတို့နယ်မြေတွေမှာ PDF ကိုလက်မခံဖို့ စစ်ကောင်စီက တပ်မဟာ ၁ တာဝန်ရှိသူဆီကို စာရေးသားတောင်းဆိုတယ်လို့ KNLA တပ်မဟာ ၁ တပ်ရင်း ၂ မှ တပ်မှူးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်က အဲ့ဒီစာကို ဒေသခံရွာသူကြီးတစ်ဦးကို ပို့ခိုင်းပြီး စာနဲ့ပတ်သက်ပြီး မပေါက်ကြားဖို့နှင့် မဖြန့်ဝေဖို့လည်း ရွာသူကြီးမှတဆင့်မှာခဲ့တယ်လို့ အဆိုပါတပ်မှူးကပြောပါတယ်။
စာမှာ စီးတံဆိပ် လက်မှတ်ရေးထိုးသူနာမည်မပါဘဲ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်သာပါရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့အဲ့ဒီစာသည် စစ်ကောင်စီဘက်က ရေးသားတာဖြစ်ပြီး ရွာသူကြီးကိုပို့ခိုင်းတာဖြစ်ကြောင်း ထိုတပ်မှူးက အတည်ပြုပြောပါတယ်။ စာမှာတော့ သထုံအခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၄၄ ဆိုပြီးပါရှိပါတယ်။
PDF ကြောင့် တပ်မဟာ ၁ နှင့်တည်ဆောက်ခဲ့တဲ့ငြိမ်းချမ်းရေးပျက်စီးခဲ့ရကြောင်း၊ NCA လမ်းကြောင်းကို ဆက်လက်သွားလိုကြောင်းနှင့် တပ်မဟာ ၁ အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်လိုပါက ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်း ရေးသားထားပါတယ်။ တပ်မဟာ ၁ နယ်မြေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများတာကြောင့် အခုလိုစာရေးသနားခံတာဖြစ်တယ်လို့ အဆိုပါတပ်မဟာ ၁ တပ်မှူးကပြောပါတယ်။
အောင်လေး၊ Salween Press
ဓာတ်ပုံ - KNU တပ်မဟာ ၁ ကိုပို့ထားတဲ့ စစ်ကောင်စီရဲ့စာ။
No comments:
Post a Comment