ကသာ၊ ဇန်နဝါရီ (၃၁)
စစ်ကိုင်းတိုင်း၊ ကသာမြိုနယ်ရှိ တော်လှန်ရေးကို အနှောင့်ယှက်ပြုနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအားလုံးကို ယနေ့ ဇန်နဝါရီလ (၃၁) ရက်မှနေ့စ၍ သက်ညှာပေးတော့မည် မဟုတ်ကြောင်း ကသာမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ယနေ့ထုတ်ပြန်လိုက်သည်။
ကသာမြိုနယ်သည် ခရိုင်ရုံးစိုက်ရာမြိုကြီးဖြစ်၍ ဝန်ထမ်းမိသားစုများ၏ အခက်ခဲကို သိရှိနားလည်သော်လည်း တော်လှန်ရေးကိုအနှောင့်ယှက်ပြုပြီး ပြည်သူလူထုကိုနှိပ်စက်သတ်ဖြတ်နေသည့် စစ်တပ်၊ ရဲ၊ စည်ပင်၊ ထွေအုပ်၊ ငါးဦးစီးဌာနနှင့် အခြားမည်သည့်ဌာနဆိုင်ရာဝန်ထမ်းများကိုမဆို သက်ညှာပေးတော့မည့်မဟုတ်ဟု ဆိုသည်။
"လုပ်သင့်ပါတယ် ဝန်ထမ်းတွေကို အချိန်အတိုင်းတာတစ်ခုလည်းပေးပြီး တော်လှန်ရေးအမြန်ပြီးဖိုအတွက် မဖြစ်မနေလုပ်သင့်ပါတယ်။ စခ တွေက ပြည်သူတွေကိုနှိပ်စက်ဖိုပဲ သိနေတာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဖွင့်တဲ့ဆိုင်တောင် ဖွင့်ခိုင်း၊ ပိတ်ခိုင်းအတင်းလုပ်ခိုင်းတာက တော်တော်ဆိုးတယ်။" ဟု ကသာမြိုနယ်ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
အလားတူ ကောလင်းမြို့ရှိ စစ်ကောင်စီထောက်တိုင်များဖြစ်သည့် Non CDM များကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများနှင့် တန်းတူသတ်မှတ်ပြီး သက်ညှာတော့မည် မဟုတ်ကြောင်း ကောလင်းအခြေစိုက် SECRET WARRIOR အဖွဲက ယနေ့ သတိပေးထုတ်ပြန်ထားသည်။
ထို့ပြင် မကွေးတိုင်းဆောမြိုနယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီဝန်ထမ်းများအနေဖြင့်လည်း ဖေဖေါ်ဝါရီ (၅) ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဆောမြိုနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲက ယမန်နေ့က ထုတ်ပြန်ထားသည်။
ထိုအတူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းမျာအားလုံး ဖာပွန်မြို့မှ (၁၀) ရက်အတွင်းထွက်သွားရန်လည်း KNU/KNLA တပ်မဟာ(၅) က ယမန်နေ့က သတိပေးထားသည်။
Lu Nge Khit
No comments:
Post a Comment