MFP ၊ ဇန်နဝါရီ - ၁
မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ စကစလက်အောက်ခံ ရဲမှူး၏ နေအိမ်ကို ယနေ့ ညဦးပိုင်းတွင် ဗုံးပစ်ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ - စဉ့်ကိုင် LPDF က သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ(၁)ရက် ည(၇)နာရီဝန်းကျင်တွင် ကျောက်ဆည်မြို့ ရဲစုရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲမှူး၏ နေအိမ်ကို ဗုံးပစ်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက် အသေအပျောက် အခြေအနေ မသိရသေးဟု စဉ့်ကိုင် LPDF က ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ပေါက်ကွဲသံ ကြားရသော်လည်း အခြေအနေ မသိရဟု ပြောသည်။
ပြီးခဲ့သည့် လပိုင်းက မန္တလေးမြို့ပေါ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စစ်ကောင်စီ လက်အောက်ခံ ဒု-ရဲချုပ် အောင်နိုင်သူ၏ နေအိမ်လည်း ဗုံးပစ်ခွဲ တိုက်ခိုက်ခံခဲ့ရသေးသည်။
Mandalay Free Press - MFP
ကျောက်ဆည်မြို့ ရဲမှူးနေအိမ်ကို ဗုံးပစ်ခွဲ တိုက်ခိုက်ခဲ့ဟု စဉ့်ကိုင် LPDF ဆို
Reviewed by THITHTOOLWIN
on
05:21
Rating:
No comments:
Post a Comment