(ယမန်နေ့တိုက်ပွဲက အထိနာ၍ ထွက်ပြေးခဲ့ရသည့် အကြမ်းဖက်စစ်တပ်၏ အခြေအနေ ဖြစ်သည်) |
▪️ဖရူဆို တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို
ကယားပြည်နယ် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ကျော်သေဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ယနေ့(ဇန်နဝါရီ ၁ရက်)တွင် ထုတ်ပြန်သည်။
ယမန်နေ့ (ဒီဇင်ဘာ ၃၁)ရက်က ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးနှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစစ်တပ်များကို ကရင်နီတပ်မတော် (KA)၊(KNDF) နှင့် PDF ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ငွေတောင်ဆည်အနီးရှိ ပြည်အောင်ရတနာဆီဆိုင် အဆောက်အဦးကို မိမိတို့ဘက်မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက် စကစဘက်မှ ၃၀ဦးခန့် ထိခိုက်ကျ ဆုံးမှုရှိနိုင်ကြောင်း KNDF က ခန့်မှန်းသည်။
တိုက်ပွဲအတွင်း စစ်တပ်က အထိနာသဖြင့် တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များဖြင့် လေကြောင်း ပစ်ကူတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲမှာ နံနက် ၈နာရီခွဲမှ ညနေ ၆ နာရီအထိပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက် ကြီးများအဆက်မပြတ်ပစ်ခတ်ခြင်းကြောင့် KNDF ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး၊ ရဲဘော်အချို့ မစိုးရိမ်ရသော ထိခိုက်မှုများရှိခဲ့သည်။
ထို့အပြင် ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောရွာအနီး ဒီဇင်ဘာ ၃၁ ရက် နေ့လည် ၁၂ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲမှာ ၃ နာရီနီးပါးကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ၎င်းတို့ဘက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဟု KNDFက ဆိုသည်။
People's Spring
No comments:
Post a Comment