မဲခေါင်၊ ဇန်နဝါရီ ၂၁
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်တွင် ပြောက်ကျား စစ်ပွဲပြုလုပ်ရန်အတွက် မြို့ပေါ်နေပြည်သူများ အမြန်ဆုံးထွက်ခွာကြရန်ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က အသိပေးသည်။
ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) အဖွဲ့သည် မြို့ပြပျောက်ကျား တိုက်ပွဲများကို ဆင်နွဲ့ခဲ့ပြီး မြို့နေ ပြည်သူလူထုများအနေဖြင့် မြို့ပေါ်၌ နေထိုင်နေကြပါက အမြန် ဆုံးထွက်ခွာကြပါရန်နှင့် လုံခြုံသော နေရာ ကို ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။
ကယားပြည်နယ် ၊ လွိုင်ကော်မြို့အပြင် ဒီမော့ဆို ၊ ဒေါငံခါး၊ ၆ မိုင်နှင့် မြို့ပေါ်ရပ်ကွက်များတွင် လည်းတိုက်ပွဲများဖြစ်ပွား နေခဲ့ပြီး ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) နှင့်မြို့ပြညီနောင်များက မြို့ပေါ်မြို့ပြပျောက်ကျားများကို ဆင်နွဲတော့မည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထောက်တိုင် မှန်သမျှကို လိုက်လံ၍ တိုက်ခိုက် တွန်းလှန်းသွားတော့မည်ဟု ကြေညာသည်။ KDF သည် ပြည်သူများ၏အိုးအိမ် စည်းစိမ် များကိုကာကွယ်စောင့်ရှောက်ရင်း တိုင်းပြည်နှင့်လူမျိုး အတွက် တိုက်ပွဲဝင်သွားပါမည်ဟု ကတိပြုသည်ဟုဆိုသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment