၂၅၈ တပ်ရင်းက CDM တပ်သားတဦး လွတ်မြောက်နယ်မြေကိုရောက်ရှိ


ရေစကြို၊ဇန်နဝါရီ ၃၁၊ ၂၀၂၂။

ရေစကြို PDF ဆီကို CDM လုပ်ပြီးဝင်ရောက်လာတဲ့ ရဲတပ်သားတဦး ဇန်နဝါရီ ၃၁ ရက် ဒီကနေ့မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားပြီလို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊  ၂၅၈ တပ်ရင်းက တပ်သား အာဘဲလက်ဟာ စစ်ကောင်စီလက်အောက်မှာ ဆက်ပြီးတာဝန်မထမ်းဆောင်ချင်တာကြောင့် လက်နက်အပြည့်အစုံနဲ့ ခုလို CDM လုပ်ပြီး ခိုလှုံလာတယ်လို့ သိရကြောင်း ရေစကြို PDF တာဝန်ခံကပြောပါတယ်။ 

“ခုဟာကထမင်းကျွေးတဲ့ ထမင်းရှင်ကို အကြမ်းဖက်မင်း‌အောင်လှိုင်က ပြန်တိုက်ခိုက်နေတာလို့လည်း ပြောတယ်ဗျ။ အကြမ်းဖက်စစ်ကောင်စီ အောက်မှာဆက်ပြီး မရပ်တည်ချင်လို့ CDM ပြုလုပ်တာလို့‌ပြောပါတယ်။  MA-2 ၁ လက်၊ ကျည်ဗောက် ၅ ဗောက်၊ ကျည် ၁၃၅ နဲ့အတူ ခိုလှုံလာတာ၊” လို့ သူက ပြောပါတယ်။

ပြည်သူရင်ခွင်ခိုလှုံချင်တဲ့ ရဲနဲ့စစ်သားတွေကိုလည်း အမြဲကြိုဆိုလက်ခံပြီး လက်မြောက်နယ်မြေကို ရောက်အောင် ပို့ဆောင်ပေးမယ်လို့လည်း ရေစကြို PDF က သတင်းထုတ်ပြန်ထားပါတယ်။


မြေလတ်အသံ - Myaelatt Athan 

၂၅၈ တပ်ရင်းက CDM တပ်သားတဦး လွတ်မြောက်နယ်မြေကိုရောက်ရှိ ၂၅၈ တပ်ရင်းက CDM တပ်သားတဦး လွတ်မြောက်နယ်မြေကိုရောက်ရှိ Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.