ကလောတွင် စစ်ကောင်စီမှ CCTV များ တပ်ဆင်နေ


မဲခေါင်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်တောင်ပိုင်း၏ ခရီးသွားမြို့တော်ဖြစ်ပြီး လာရောက်လည်ပတ်သူများ စည်ကားနေသည့် ကလောမြို့တွင် စစ်ကောင်စီမှ ယခုရက်ပိုင်းအတွင်း CCTV များ တပ်ဆင်နေကြောင်း ‌ဒေသခံပြည်သူများထံမှ သိရသည် 

ကလောမြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ကလောမြို့-တောင်ကြီးလမ်းမကြီး၏ အဓိကနေရာအချို့နှင်း လမ်းဆုံလမ်းခွနေရာများတွင် စစ်ကောင်စီမှ CCTV အလုံး ၂၀ခန့် တပ်ဆင်နေခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

"တပ်နေတာတော့ ၃ ရက်၊ ၄ ရက်ရှိပြီ။ မပြီးသေးဘူး။ သူတို့ကြောက်လို့ တပ်တာနေမှာပေါ့။ ဒီမှာက မြောက်မြန်မာတွေရဲ့ မြို့တော်လိုဖြစ်နေတာ။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေဆို အကုန်ပြည့်နေတယ်။ View Point တွေဆိုလည်း လာလည်တဲ့လူတွေများလို့ တစ်ခုပြီး တစ်ခုထပ်ပေါ်လာနေပြီ။ ဘယ်လောက်မှ မဝေးတဲ့ ကယားက အာဏာရှင်ကို တွန်းလှန်နေကြသူတွေနဲ့ စစ်ရှောင်တွေကိုတောင် အားနာမိတယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ CCTV များသည် 360 ဒီဂရီလှည့်ပတ်နိုင်သော အမျိုးအစားဖြစ်ပြီး အချို့နေရာများတွင် ကြိုးတပ်ဆင်ရန်ကျန်ရှိသေးကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ဒေသခံတိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်တိုက်ခိုက်နေမှုကြောင့် ကလောမြို့အပါအဝင် ရှမ်းတောင်ရှိ မြို့နယ်အချို့တွင် စစ်ဘေးရှောင်များရောက်ရှိနေသလို ကလောမြို့တွင် ခရီးသွားများ၊ လာရောက်လည်ပတ်သူများ များပြားနေမှုကြောင့် ဟိုတယ်နှင့် တည်းခိုခန်းများအားလုံး ပြည့်လုနီးပါးဖြစ်နေသည်ဟုလည်း သိရသည်။


MeKong News - မဲခေါင်သတင်း

ကလောတွင် စစ်ကောင်စီမှ CCTV များ တပ်ဆင်နေ ကလောတွင် စစ်ကောင်စီမှ CCTV များ တပ်ဆင်နေ Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.